လွိုင်ကော်က စစ်ကောင်စီတပ်စခန်းအားလုံးနီးပါး သိမ်းပိုက်ထားကြောင်း KNPP ပြော

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.11.23

လွိုင်ကော်မြို့က စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ထားနိုင်ပြီလို့ (KNPP) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က RFA ကို ပြောကြားလိုက်ပါတယ်။

ဒါ့အပြင်လက်ရှိဖမ်းဆီးထားတဲ့ စစ်ကောင်စီလေယာဉ်မှူးကို စစ်သုံ့ပန်းဥပဒေနဲ့အညီ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်ဆေးမေးမြန်းနေကြောင်းနဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကတော့ နိုင်ငံရေးတိုးတက်မှုထက် စစ်ရေးအောင်မြင်မှုက ရှေ့ရောက်နေကြောင်းလည်း သူကပြောပါတယ်။

လတ်တလော စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး KNPP ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။