ဝိုင်းမော်ကားလမ်းမှာနေကြတဲ့ ဒုက္ခသည်တွေ စခန်းကိုပြန်
2016.12.30
အခုလ ၂၇ ရက်နေ့ညက ဝိုင်းမော်မြို့နယ် ဇိုင်းအောင်ဒုက္ခသည်စခန်းကို လက်နက်ကြီးကျတာကြောင့် ဝိုင်းမော်မြို့ကားလမ်းပေါ်ကို ထွက်ပြေးတိမ်းရှောက်ကြသူ ၂၀၀၀ ကျော်ထဲက တဝက်ခန့်ဟာ ဒီနေ့နေလည်မှာ ဒုက္ခ သည်စခန်းက နေအိမ်တွေဆီ ပြန်သွားကြပါတယ်။
ဇိုင်းအောင်ဒုက္ခသည် စခန်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဦးလေဒ့်အောင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။