ကချင်ပြည်နယ် မိုးညှင်းမြို့နယ် က မူးယစ်ဆေး ရောင်းဝယ်မှု
2017.11.17
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့အဖွဲ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်ဖမ်းဆီးရာမှာ လူ ၂၈ ယောက်နဲ့ သေနတ်ကျည်ဆံ ၈ တောင့်အပါအဝင် ပစ္စည်းတချို့ကို သိမ်းဆည်း ဖမ်းမိခဲ့ပါတယ်။ အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေးရောင်းဝယ်သူတွေက လက်နက်ကိုင်ဆောင်ကာ အုပ်စုဖွဲ့ လှုပ်ရှားနေကြပြီး ဖမ်းဆီးတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကို ပြန်လည်ခုခံတဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဒေသဘက်က ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးပြဿနာတွေနဲ့ ပတ်သက်လို့ နန်းမားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဋ္ဌေး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။