ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ဆေးစစ်ပြီးမှ ထိုးပေးတော့မည်


2017.11.18

နိုဝင်ဘာလ ၁၆ ရက်နေ့က ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်မှာ သတ္တမတန်း ကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးပြီးနောက် ၆ နာရီခန့်အကြာမှာ သေဆုံးသွားခဲ့ရာ ကျန်းမာရေးဦးစီးဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ကာကွယ်ဆေးနဲ့ ဆက်စပ်မှု ရှိ၊ မရှိ အတည်မပြုနိုင်သေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

ဒေါက်တာသန်းထွန်းအောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။