တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ မေးမြန်းချက်
2016.03.29
ဒီနေ့အတည်ပြုလိုက်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေထဲမှာ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်တွေအဖြစ် အမျိုးသမီး ၂ ဦးပါဝင်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ဟာ တနင်္သာရီတိုင်း အန်အယ်လ်ဒီပါတီ ဥက္ကဌ လည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးအောင်စိုးရဲ့ ဆွေမျိုးတော်စပ်သူ ဖြစ် တာကြောင့် ဒေသခံတချို့က အခုလို အတည်ပြုလိုက်တဲ့အပေါ် ဝေဘန်မှုတွေ ရှိနေပါတယ်။ ဒေါက်တာ လဲ့လဲ့မော်က သူရင်ဆိုင်ရမယ့် အခက်အခဲတွေထဲမှာ လယ်ယာမြေသိမ်းယူခံရမှုတွေနဲ့ ထားဝယ် အထူးစီးပွားရေးဇုန်ကို ဒေသခံတွေ ကန့်ကွက်နေတဲ့ပြဿနာတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဒေါက်တာလဲ့လဲ့မော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။