ဆိုင်ခန်းမီးလောင်သွားတဲ့ ရွှေဘိုစျေးသူတစ်ယောက်နဲ့ မေးမြန်းချက်
2021.05.15
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ဈေးကြီး မီးလောင်ချိန်မှာ သေနတ်သံတွေ ကြားနေရပြီး မြို့ထဲမှာရှိတဲ့ မီးသတ်ကားတွေလည်း မီးငြိမ်းခွင့်မရခဲ့ပါဘူး။ မီးလောင်ချိန်မှာလည်း တစ်နေရာတည်း စလောင်တာမဟုတ်ဘဲ လေးနေရာလောက်ကနေ လောင်ကျွမ်းတာဖြစ်တယ်လို့ ဆိုင်ခန်းတွေ မီးလောင်တဲ့ထဲပါသွားတဲ့ ရွှေဘိုဈေးသူတစ်ယောက်က RFA ကို ပြောပါတယ်။