ဖိနှိပ်ရက်စက်မှုတွေကြားမှာပဲ ဆန္ဒပြမှုများ ဆက်ရှိနေ

2021.12.06

ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူ လူငယ်တွေကို စစ်ကောင်စီ တပ်သားတွေက ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ပြီး ရက်ရက်စက်စက် ဖြိုခွဲခဲ့လို့ သေဆုံးသူ ငါးဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ၊ အဖမ်းခံရသူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ မနေ့က ဒီဇင်ဘာ ၆ ရက်နေ့မှာ လူငယ်တွေဟာ ရန်ကုန်မှာ ထပ်ပြီးဆန္ဒပြခဲ့ကြပါတယ်။ အသက်အန္တရာယ်ရှိတာ သိပေမယ့် အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ ဆန္ဒပြမှုတွေကို ဆက်လုပ်သွားမယ်လို့ မနေ့က ဒီဇင်ဘာလ ၆ ရက် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်းက ပြောပါတယ်။

ကိုနန်းလင်းကို မခက်မာ ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။