"နှုတ်" ဖြင့် စာရေးကြသူများ
2019.10.18
၂၁ ရာစုမှာ နည်းပညာတိုးတက်မှုတွေ အရှိန်အဟုန်နဲ့ ပေါ်ထွက်လာတဲ့အတွက် အရင်က ထွန်းကားခဲ့တဲ့ လုပ်ငန်းအတော်များများ ထိခိုက်တိမ်ကောလာတဲ့အထဲမှာ စာအုပ်ထုတ်ဝေရေးလည်း တခုအပါအဝင် ဖြစ်ပါတယ်။
ကျဆင်းလာနေတဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းနဲ့အတူ မြန်မာ့စာပေလောကလည်း အတော် အထိနာနေပါတယ်။ စာရေးသူတွေအတွက် ဈေးကွက်ပျက်နေတာကြောင့် စာရေးမယ့်အစား စာပေ ဟောပြောပွဲတွေကိုသာ အားကိုးနေရပါတယ်။
စာရေးသူဘဝကနေ စာဟောသူဘဝကို ကူးပြောင်းနေတဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တချိန်က အရောင်းရဆုံး စာရေးဆရာတဦး ဖြစ်ခဲ့တဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) ကို RFA ဝိုင်းတော်သူ မခက်မာက တွေ့ဆုံမေးမြန်းထားပါတယ်။