လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်နေတဲ့ Gen Z လူငယ်နဲ့ မေးမြန်းချက်

ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021.04.29

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နှင်းတဲ့အတွက် လူငယ်တွေဟာ လွတ်မြောက်နယ်မြေကို ထွက်ခွာလာပြီး စစ်အာဏာရှင်တွေကို ပြန်လည်တွန်းလှန်နိုင်ရေး ကြိုးစားနေကြပါတယ်။

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ Generation Z မျိုးဆက်သစ် လူငယ်တဦးကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-04-29 20:07

မြန်မာပြည်တွင်း ကVideos နဲ့ ဓါတ်ပုံ တွေ တင်တဲ့အခါ မျက်နှာတွေ ကို ‌‌မမြင်ရအောင် မူန်ဝါးပေးစေလိုပါတယ်။ အသံကိုပါ‌‌ ပြောင်းပေးရင်ကောင်းတယ်။
လွတ်မြောက်ရေးနယ် မှာ စစ်ပညာသင်နေတဲ့ ဘယ်သူဘယ်ဝါ ဆိုတာ သိသာလှပါတယ်။ ဘယ်သူတွေလဲဆိုတာ လျှို့ဝှက်ထားသင့်ပါတယ်။ သူတို့တွေရဲ့ မိသားစုတွေပါ အန္တရယ် ရှိပါတယ်။ နံမယ်‌ပါနေတာကလည်း သူတို့အတွက် မလုံခြုံပါ။ လူကြီးမင်း သတင်းသမားများ ထွက်လွှင့် လိုက်သော ပုံများမှ့ာ တဆင့် ဘယ်သူဘယ်ဝါ ဘယ်နေရာတွေ ကို ‌သိသွားပြီး ဖမ်းဆီးခံ၊အသတ်ခံ ရနိုင်ပါတယ်။ ကျေးဇူးပြုပြီး သတင်းမလွှင့်ခင် မြန်မာပြည်သူပြည်သားများ အန္တရယ် မရှိအောင် အထူး စီစစ်ပြီးမှ ထုတ်လွှင့် ပေးပါ။ တော်လှန်ရေး အောင်မြင်ရေး အတွက် ရှေ့လုပ်ငန်းစဥ်များ အများမသိသင့်သော အရာများကို ‌ မထုတ်လွှင့်စေလိုပါ။ SAC ကို ကူညီ‌ သလို ဖြစ်နေပါတယ်။ သတင်းများများ ထွက်ဖို့ ထက် လုပ်ဆောင်နေသူ ပြည်သူပြည်သားများ အဖမ်းမခံ၊ အသတ်မခံ ရတာ က ပို အရေးကြီးပါတယ်။ကျေးဇူးတင်ပါတယ်။