တော်လှန်ရေးကို စစ်ကောင်စီအနိုင်ယူဖို့ မဖြစ်နိုင်ဟု ဒေါက်တာတေဇာစန်း ပြော
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2023.07.14
2023.07.14
စစ်ကောင်စီအနေနဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူတွေကို အနိုင်ယူဖို့ဆိုတာဟာ ရုပ်ဝတ္တုပိုင်းအရရော စိတ်ဓာတ်ပိုင်းအရပါ လုံးဝမဖြစ်နိုင်တော့ဘူးလို့ မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်း က ဝေဖန်လိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ဆုံမှု၊ အာဆီယံနဲ့ နိုင်ငံတကာရဲ့ မြန်မာ့အရေးကြိုးပမ်းမှုတွေအပါအဝင် လတ်တလောမြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဒေါက်တာ တေဇာစန်း ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။