ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ် အာဆီယံသဘောထား မဟုတ်ကြောင်း NUG ပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်သွားမယ့်ခရီးစဉ်ဟာ အာဆီယံအဖွဲ့ရဲ့သဘောတူညီချက်နဲ့ သွားရောက်တာမဟုတ်ဘဲ သူတစ်ဦး တစ်ယောက်တည်းရဲ့ သဘောထားနဲ့ သွားရောက်မှာ ဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က RFA ကို ပြောကြားလိုက်ပါတယ်။

Photo: AFP

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်သွားမယ့်ခရီးစဉ်ဟာ အာဆီယံအဖွဲ့ရဲ့သဘောတူညီချက်နဲ့ သွားရောက်တာမဟုတ်ဘဲ သူတစ်ဦးတစ်ယောက်တည်းရဲ့ သဘောထားနဲ့ သွားရောက်မှာ ဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က RFA ကို ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ NUG နဲ့ အမေရိကန်အစိုးရအကြား ဆက်ဆံရေးတိုးတက်နေပြီး ဒီနှစ်အတွင်းမှာ အမေရိကန်အစိုးရက NUG အစိုးရကို မြန်မာပြည်ရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးအတွက် ကြိုးစားနေတယ်လို့လည်း သူကပြောပါတယ်။ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org