မြန်မာ့ပြည်တွင်းရေး တရုတ်ဝင်စွက်ဖက်မှာမဟုတ်ဘူးလို့ CPB တာဝန်ရှိသူပြောကြား

2023.12.08

တရုတ်ပြည်အနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘဲ မြန်မာပြည်ရဲ့ လက်ရှိ ပြဿနာတွေကို မြန်မာပြည်သူတွေကသာ ဖြေရှင်းကြရမယ်ဆိုတဲ့ သဘောထားရှိပါတယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းက RFA ကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိ နွေဦးတော်လှန်ရေးမှာ CPB ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ပါဝင်တိုက်ပွဲဝင်နေကြောင်းနဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ညီညွတ်မှုကို စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွဲမယ့်အန္တရာယ်ကို သတိထားကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။ ရဲဘော်ဖိုးသံချောင်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

(မှတ်ချက်။ မူရင်းတင်ပြချက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (Communist Party of Burma) ၏ အင်္ဂလိပ်အတိုကောက် စကားလုံး အဖြစ် 'BCP' ဟု ဖော်ပြခဲ့သည်ကို ပြင်ဆင်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။