ရက္ခိုင့်တပ်တော် AA တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလှုပ်ရှားနေ
KNLA တပ်မဟာ ၅ နယ်မြေထဲက AA ရဲ့ တပ်စခန်းတစ်ခုကို ဇူလိုင် ၄ ရက်နေ့က စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ကျဆုံးခဲ့ပါတယ်။ဒါဟာ စစ်ကောင်စီက AA ကို စစ်ပွဲထဲကို ပါဝင်လာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က ပြောပါတယ်။
-
ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2022-07-06 -
-
-
ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
Photo: ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန
ကရင်ပြည်နယ် KNLA တပ်မဟာ ၅ နယ်မြေထဲက ရက္ခိုင့်တပ်တော် AA ရဲ့ တပ်စခန်းတစ်ခုကို ဇူလိုင် ၄ ရက်နေ့က စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ကျဆုံးခဲ့ပါတယ်။
ဒါဟာ စစ်ကောင်စီက AA ကို စစ်ပွဲထဲကို ပါဝင်လာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ AA အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်လှုပ်ရှားနေတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။