လားရှိုးမြို့နယ် အီနိုင်းကျေးရွာမှာ အရပ်သားတစ်ဦး သေနတ်ထိမှန်သေဆုံး
2016.12.11
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ညပိုင်းက ဒေသခံ အရပ်သားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး ရွာသားတစ်ဦးလည်း ရိုက်နှက်ခံရမူ တွေရှိခဲ့ပါတယ်။
အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ မနေ့က လာရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အီနိုင်းကျေးရွာ ရပ်မိရပ်ဖတွေ တွေ့ဆုံခဲ့ရာမှာ သေဆုံးခဲ့ရတဲ့ ရွာသားဟာ အစိုးရတပ်မတော်က တားဆီးနေတဲ့ကြားက ထွက်ပြေးတဲ့အတွက် သေနတ်ထိမှန်ခဲ့ရတာဖြစ်ကြောင်းနဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ရွာသားကိစ္စကို စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ လားရှိုးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြောခဲ့ပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ မနေ့က တွေ့ဆုံရာမှာ ပါဝင်တဲ့ လာရှိုးမြို့နယ် အီနိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြင့် ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။