အိန္ဒိယကို မြန်မာပြည်ဆိုင်ရာမူဝါဒပြင်ဖို့ ချင်းခေါင်းဆောင်တိုက်တွန်း

2023.06.16

အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လက်ရှိသူတို့ကျင့်သုံးနေတဲ့ မူဝါဒတွေကို ပြန်လည်ပြင်ဆင်ဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို အမေရိကန်လွှတ်တော်က ဖွဲ့စည်းတည်ထောင်ထားတဲ့ USIP ခေါ် အမေရိကန်ငြိမ်းချမ်းရေးသိပ္ပံက ဇွန်လ ၁၅ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။ ဆောင်းပါးရှင်က မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး ဇိုသုန်းမှုန် (Zo Tum Hmung) ဖြစ်ပါတယ်။

အဲဒီဆောင်းပါးမှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို ဖိအားပေးပြီး တစ်ပြိုင်နက်မှာပဲ မြန်မာပြည်ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေကို အကူအညီပေးဖို့လည်း တိုက်တွန်းထားပါတယ်။ ဇိုသုန်းမှုန် ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။