ပုဂံညောင်ဦးက ဟိုတယ်ဝန်ထမ်းတွေ လုပ်ခလစာ အပြည့်အဝရရှိဖို့ ဆန္ဒပြတောင်းဆို
2016.12.28
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းက ဟိုတယ်ဝန်ထမ်း ၃၀၀ နီးပါးဟာ အနည်းဆုံးလုပ်ခလစာ အပြည့်အဝရရှိဖို့ နဲ့ ဧည့်သည်တွေဆီကတောင်းခံတဲ့ ဝန်ဆောင်မှုစရိတ်တွေကို အလုပ်သမားတွေဆီ အပြည့်အဝပြန်လည်ပေးချေဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ဟိုတယ်ချစ်သူမြို့နယ် အလုပ်သမားအဖွဲ့ အတွင်းရေးမှုး ကိုနေမျိုးဝင်း ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။