ခါကာဘိုရာဇီအမျိုးသားဥယျာဉ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မယ့်ကိစ္စ ဆန္ဒပြ
2017.09.28
မြန်မာနိုင်ငံမြောက်ပိုင်းက ခါကာဘိုရာဇီအမျိုးသားဥယျာဉ် တောင်ပိုင်းက ဧက ၉ သိန်းနီးပါးကို ထပ်မံတိုးချဲ့ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ်သတ်မှတ်နိုင်ရေး အစိုးရက ကြိုးစားနေတာကို ပူတာအိုမြို့မှာ ဒေသခံအယောက် ၁ သောင်းလောက်က ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ပူတာအိုခရိုင်အတွင်းက မချမ်းဘော၊ နောင်မွန်း၊ ပူတာအို စတဲ့ မြို့နယ်တွေမှာ သီခြားစီဆန္ဒပြခဲ့ကြတာပါ။ ပူတာအိုမြို့က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးလီပေါ်ရဲ့ ကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။