အစိုးရနဲ့ SSPP/SSA တို့ တိုက်ပွဲကြောင့် ဒုက္ခသည်တွေ နေရပ်စွန့်ခွာထွက်ပြေး


2015.11.02

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်ထဲက ကျေးရွာတွေအနီးတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဒုက္ခသည် အတော်များများ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြရပါတယ်။

မိုင်းရှုးမြို့နယ်ထဲက ဝမ်ဆော့နဲ့ ဟိုင်းပါ ဒုက္ခသည်စခန်းမှာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ကြသလို ဒီရက်ပိုင်းအတွင်းမိုးတွေလည်း ရွာနေတာကြောင့် အခက်အခဲတွေ့နေကြရပါတယ်။

အဲဒီဒေသက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ RFA သတင်းထောက် ကိုကံသာကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။