အလဲဗင်းမီဒီယာ၊ ယနေ့ မြန်မာ့မီဒီယာရဲ့ တာဝန်ခံမှုနဲ့ လွတ်လပ်မှု
2016.12.27
ဒီကနေ့ မြန်မာ့မီဒီယာလောကဟာ အရင်ကထက် အများကြီးလွတ်လပ်မှုရှိနေပြီလို့ စာရေးဆရာစည်သူအောင်မြင့်က ပြောကြားလိုက်ပါတယ်။ တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာမိမိတို့ မီဒီယာသမားတွေ တွေ့ဆုံခဲ့တဲ့ မွတ်ဆလင်တချို့ သတ်ဖြတ်ခံရတဲ့အတွက်အပြစ်ရှိတယ်လို့ ခံစားနေရကြောင်းနဲ့ သတင်းဇစ်မြစ်ကို အကာအကွယ်ပေးဖို့အစိုးရမှာလည်းတာဝန်ရှိကြောင်း သူက ပြောပါတယ်။
အလဲဗင်း မီဒီယာက ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို တောင်းပန်တဲ့ကိစ္စအပါအဝင် ဒီကနေ့ မြန်မာမီဒီယာလောကနဲ့ ပတ်သက်ပြီး စာရေးဆရာ စည်သူအောင်မြင့်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။