ရွေးကောက်ပွဲဆိုင်ရာ ပဋိပက္ခတွေ ကို ပူးတွဲဖြေရှင်းနိုင်ရေး ကော်မ တီတွေဖွဲ့ဖို့ ညွှန်ကြား
2015.06.29
ရွေးကောက်ပွဲဆိုင်ရာ ပဋိပက္ခတွေကို ပူးတွဲဖြေရှင်းနိုင်ဖို့အတွက် ကော်မရှင်၊ပါတီတွေနဲ့ ဒေသခံတွေ ပါဝင်တဲ့ ညှိနှိုင်းဖြေရှင်းရေး ကော်မတီတွေဖွဲ့ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားပါတယ်။
အဲ့ဒီလို ဖွဲ့စည်းမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။