ရန်ကုန်မြို့တွင်းက အဆောက်အဦး ၅ဝ ကျော်ကို ငလျင်ဒဏ်ခံနိုင်မှု စစ်ဆေးမည်
2016.11.16
ရန်ကုန်စည်ပင်က မြို့တွင်း ၆ မြို့နယ်က အဆောက်အဦးတွေကို ငလျင်ဒဏ်ခံနိုင်မှု အနေအထားတွေ စစ်ဆေးဖို့ ဆောင်ရွက်နေသလို ရန်ကုန်တိုင်းဒေသကြီးအတွင်းက အရေးကြီး အဆောက်အဦး ၅၀ ကျော်ကိုလည်း ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် UN-Habitat အကူအညီနဲ့ ငလျင်ဒဏ်ခံနိုင်မှု အနေအထားတွေကို စစ်ဆေးဖို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။