မောင်းသူမဲ့ယာဉ်ငယ်အသုံးပြု သတင်းထောက်တွေအမှု ရှေ့နေနဲ့ မေးမြန်းချက်


2017.12.28

နေပြည်တော် လွှတ်တော်အဆောက်အဦးကို မောင်းသူမဲ့ လေယာဉ်ငယ် (ဒရုန်း) နဲ့ ရိုက်ကူးဖို့ ကြိုးစားလို့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံခြားသားသတင်းထောက် ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးတို့ဟာ ဇန်နဝါရီ ၅ ရက်နေ့မှာ အကျဉ်းထောင်ကနေ လွတ်မြောက်လာမှာဖြစ်ပြီး နိုင်ငံခြားသားသတင်းထောက်နှစ်ဦးကိုတော့ အဲဒီနေ့မှာဘဲ သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ သူတို့ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဦးခင်မောင်ဇော် ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။