DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံဖို့ မရှိသေး


2016.12.08

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN  တို့ ဒီဇင်ဘာလလယ်မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ရက်ညှိနှိုင်းလို့ မရတာကြောင့် တွေ့ဆုံဖို့ မရှိသေးဘူးလို့ UNFC အဖွဲ့က ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစဖို့အတွက် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာကက ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုထားပေမယ့် တပ်မတော်ဘက်က လက်မခံဘူးလို့ UNFC တွဲဘက်အတွင်းရေးမှုး ဦးထွန်းဇော် က ပြောပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွဲဘက် အတွင်းရေးမှူး ဦးထွန်းဇော် ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။