စစ်ကောင်စီကို နိုင်ငံတကာက အရေးယူဖို့လိုအပ်နေပြီလို့ စင်ပြိုင်အာဆီယံအဖွဲ့ ပြော
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ မကြုံဖူးလောက်အောင် ဆိုးရွားနေပြီး စစ်ကောင်စီကို ပိုပြီးဖိအားပေးတာတွေလုပ်ဖို့ လိုအပ်နေပြီလို့ Altsean Burma အဖွဲ့ ညှိုနှိုင်းရေးမှူး Debbie Stothard က ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြောလိုက်တာပါ။
- 2022-08-07
-
-
-
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ မကြုံဖူးလောက် အောင် ဆိုးရွားနေပြီး စစ်ကောင်စီကို ပိုပြီးဖိအားပေးတာတွေလုပ်ဖို့ လိုအပ်နေပြီလို့ Altsean Burma အဖွဲ့ ညှိုနှိုင်းရေးမှူး Debbie Stothard က ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြောလိုက်တာပါ။
“မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတွေအတွက် ကျမ လှုပ်ရှားဆောင်ရွက် ခဲ့တာ နှစ်ပေါင်း ၃၀ မက ရှိခဲ့ပါပြီ၊ ဒီလောက်ထိ ဆိုးဝါးတဲ့အခြေအနေကို မမြင်ဖူးခဲ့ဘူး၊ အခု မြန်မာနိုင်ငံတဝှမ်း ပြည်သူတွေ လက်လွတ်စပယ် မတရားဖမ်းဆီးခံနေရတယ်၊ အသတ်ခံနေရတယ်၊ လေယာဉ်နဲ့ဗုံးကြဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာအထိ လုပ်လာ တယ်၊ အပြစ်မဲ့အရပ်သားပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတယ်၊ ဒါတွေ အရင်က မတွေ့ခဲ့ဖူးပါဘူး”
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ အာဆီယံ နိုင်ငံတွေကြား ဘုံသဘောတူညီချက် ၅ ချက်ကို ပြီးခဲ့တဲ့နှစ် ဧပြီလက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူခဲ့တယ်။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်လို့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး အခုတော့ အကောင်အထည်ဖော်ဖို့ လုပ်မယ်လို့ သြဂုတ်လ ၁ ရက်နေ့က အာဏာသိမ်း ၁ နှစ်ခွဲ မိန့်ခွန်းမှာ ပြောသွားတာတွေ့ရတယ်။ အာဆီယံဘုံသဘောတူညီ ချက်တွေက မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါလား။
“အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ အဓိကက အကြမ်းဖက်မှုတွေ ရပ်ဆိုင်း ရေးဖြစ်တယ်၊ မင်းအောင်လှိုင်က ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော် ပါ့မယ်လို့ ကတိပေးပြီး သိပ်မကြာခင်ပဲ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာတယ် အကြမ်း ဖက်မှုတွေ ပိုဆိုးဆိုးဝါးဝါး လုပ်လာခဲ့တယ်၊ ၂၀၂၁ စက်တင်ဘာမှာ တိုက်ပွဲတွေနဲ့ အရပ် သားပြည်သူတွေကို အကြမ်းဖက်တာတွေက ဆီးရီးယားထက်တောင်ဆိုးတယ်။ အာဆီ ယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အဓိက ပြဿနာက မင်းအောင်လှိုင် ပဲ။ ဒီ တရားမဝင် စစ်အစိုးရကို ယုံကြည်စရာ မရှိဘူး၊ တစ်ခုခုကို လုပ်ပါ့မယ် အကောင် အထည်ဖော်ပါ့မယ် ကတိပေးလိုက်တဲ့အခါတိုင်း တကယ်တမ်း ဆန့်ကျင်ဘက်တွေပဲ လုပ်တာ။ သူ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ပါ့မယ်ဆို တာကို မျှော်လင့်နေရင် မြေခွေးကို သိုးကို စောင့်ရှောက်ခိုင်းသလိုမျိုးပဲဖြစ်မှာ။ ဒီ တရားမဝင် စစ်အစိုးရကို ဒီသဘောတူညီချက်တွေ အကောင်အထည်ဖော်လာအောင် အာဆီယံက မိုက်မိုက်မဲမဲ ကြိုးပမ်းခဲ့တယ်”
“အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ပါ့မယ် ပြောပြီး တစ်ပတ် အတွင်းပဲ ကရင်နဲ့ ကချင်မှာ လေကြောင်းတိုက်ခိုက်မှုတွ ပိုလုပ်လာတယ်၊ အရပ်သား ပြည်သူတွေ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတာတွေ လုပ်လာတယ်။ တရားလက် လွတ်ဖမ်းဆီးမှုတွေ ပိုလုပ်လာပြီး စစ်ကြောရေးတွေမှာ ရက်ရက်စက်စက် ညှင်းပန်းနှိပ် စက် သတ်ဖြတ်တာတွေ လုပ်လာခဲ့တယ်။ အာဆီယံအနေနဲ့ ဒီတရားမဝင်စစ်အစိုးရက သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ပါမယ်ဆိုတာကို မယုံကြည်ဖို့ ဒါမှ မဟုတ် မယုံကြည်သင့်ဘူး၊ အကောင်းဆုံးကတော့ အာဆီယံအနေနဲ့ ဒီဘုံသဘောတူ ညီချက်တွေကို ပယ်ဖျက်ပြီးတော့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးနိုင်တဲ့ ဒေသ တွင်းက ပြည်သူတွေကိုပါ ကာကွယ်နိုင်တဲ့ တကယ်လက်တွေ့ကျတဲ့ အစီအစဉ်တွေနဲ့ အစားထိုး လုပ်ဆောင်ဖို့ လိုအပ်နေတယ်၊ ဒီပဋိပက္ခတွေ ပိုပိုဆိုးလာတဲ့ အခြေအနေတွေ က ဒေသတစ်ခုလုံးရဲ့ လုံခြုံရေးကို ပြင်းပြင်းထန်ထန် စိန်ခေါ်မှု ဖြစ်လာနေတယ်ဆိုတာ ကို မမေ့ဖို့လိုတယ်”
“သံတမန်ရေးတွေ ကြေညာချက်တွေ ထုတ်နေတာက ဘာမှထိရောက်မှုရှိမှာ မဟုတ်ဘူး၊ ဒီ တရားမဝင်စစ်အစိုးရက လက်နက်နဲ့ ငွေကြေးကိုပဲ ဂရုစိုက်တာ၊ သူတို့ တရားဝင်ဖြစ် ဖို့ကိုပဲ ဂရုစိုက်တာ။ အာဆီယံအနေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်ကို အစည်းအဝေးကို တက်ရောက်ခွင့်မပေးဖို့ စဉ်းစားတာတင်မကဘဲ ဒီတရားမဝင် စစ်အစိုးရကို ဖိအားတွေ ပိုတိုးပေးဖို့လိုအပ်တယ် အဲလိုမှ မလုပ်ဘူးဆိုရင် ဒီလိုအခြေအနေတွေထဲမှာ နောက်ထပ် အနှစ် ၂၀ လောက် နစ်မြုပ်နေဦးမှာပဲ”
ပြီးခဲ့တဲ့ ဇူလိုင်လကုန်က အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင် မာအောင်က တော်လှန်ရေးအဖွဲ့အစည်းတွေကို လက်နက်ထောက်ပံ့ဖို့ နိုင်ငံတကာတပ်ဖွဲ့ တွေ စေလွှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုတာတွေ့ရတယ်၊ လုံခြုံရေး ကောင်စီက NUG က တောင်းဆိုတာကို ခွင့်ပြုမယ့်အလားအလာကိုရော ဘယ်လိုမြင်ရပါ လဲရှင့်။
“စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အလွန်သတိထား လုပ်ဆောင်တာတွေ့ရတယ်။ အဓိက ရုရှားနဲ့ တရုတ်က ဗီတိုအာဏာ အသုံးပြုမှာကို စိုးရိမ်တယ်၊ ဒါပေမဲ့ အခုအနေအထားကိုကြည့်ရင် ဘာ ကြောင့်နိုင်ငံတကာက လက်နက်မထောက်ပံ့ချင်ကြတာလဲ ဆိုတော့ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာမယ် ရှည်ကြာလာမယ်။ ဒါကို သူတို့ စိုးရိမ်တယ်၊ ပထမဆုံး သူတို့လုပ် ရမှာက ဒီတရားမဝင် စစ်အစိုးရကို ဖြုတ်ချဖို့လိုတယ်၊ သူတို့ လက်နက်တွေ မပိုင်ဆိုင် နိုင်အောင်၊ သူတို့ ဝင်ငွေရမယ့်လမ်းကြောင်းတွေ ဖြတ်တောက်ဖို့လိုတယ်။ စစ်ကောင်စီ ကို လက်နက်ရောင်းချမှုကို ကမ္ဘာလုံးဆိုင်ရာ ပိတ်ပင်ဖို့ လိုအပ်တယ်။ NUG အနေနဲ့ ပြည်သူ့စစ်တွေ PDF အဖွဲ့တွေကို ထိန်းချုပ်ထားနိုင်ပြီဆိုတာ မပြနိုင်သေးရင် လုံခြုံရေး ကောင်စီက လက်နက်ပို့တာကို ထောက်ခံမှာ မဟုတ်ဘူး”
“အစိုးရတွေကို NUG ကို လက်နက်ပို့ဖို့ ဖြစ်နိုင်တာတစ်ခုပဲရှိတယ် စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံတွေကို စပြီးတိုက်ခိုက်လာတာတို့ အဲဒီနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ ထိပါးလာပြီဆိုရင်တော့မှသာ လက်နက်တွေ ပို့ပေးလိမ့်မယ်၊ လေကြောင်းကနေ ဝင် တိုက်ပေးဖို့ ဆိုတာကလည်း ပြည်သူတွေအတွက် အရမ်းအန္တရာယ်များတယ်၊ စစ်ကောင် စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို တကယ်တားဆီးနိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ လက် နက်ပိတ်ပင်ဖို့နဲ့ လောင်စာဆီတင်သွင်းတာတွေ ပိတ်ပင်ဖို့လိုတယ်၊ မင်းအောင်လှိုင်နဲ့ မိသားစုတွေ အပါအဝင် စစ်ကောင်စီကို အဓိက ဝင်ငွေရစေတဲ့ ကုမ္ပဏီတွေကို ဆက်ပြီး ပိတ်ဆို့အရေးယူဖို့တွေ လိုပါတယ်”
မြန်မာ့ပြဿနာကို အကာင်းဆုံး အဖြေရှာနိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်ဖို့ လိုအပ်ပါလဲ လို့လည်း မစ္စဒယ်ဘီကို မေးမြန်းခဲ့ပါတယ်။
ဒေသတွင်းအစိုးရတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကို အကာအကွယ်ပေး နေတာတွေ လုံးဝမရှိဖို့ လိုအပ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ လိုအပ်ကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ သူတို့ကို လက်နက် မထောက်ပံ့ချင်ရင်တောင် လူသားချင်းစာနာမှု အကူအညီတွေကို ပဋိပက္ခဒဏ်ခံရတဲ့ ဒေသတွေဆီကို တိုက်ရိုက်ပေးနိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မစ္စဒယ်ဘီက ပြောပါတယ်။ စစ်ကောင်စီကနေတဆင့် ဒီလူသားချင်းစာနာမှု အကူအညီတွေ မပေးဖို့နဲ့ စစ်ကောင်စီက ဒီအကူအညီတွေကို လက်နက်အဖြစ် အသုံးချခွင့် မပြုဖို့ အထူးလိုအပ်တယ်။