ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးစပြီလို့ ဇာဂနာ ပြောကြား
2014.10.18
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုလမ်းညွှန်မှုနဲ့ ဖန်တီးမယ့် မြန်မာ့လွတ်လပ်ရေးဗိသုကာ တပ်မတော်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို ရှေ့သီတင်းပတ် အောက်တိုဘာလ ၂၁ ရက်နေ့မှာ ရှေ့ပြေးရိုက်ကူးမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့ဝင် ရုပ်ရှင်ဒါရိုက်တာနဲ့ ဟာသပညာရှင် ဇာဂနာ ခေါ် ဦးသူရကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။