နိုင်ငံရေးသဘောတူညီချက် အမြန်ဆုံးချမှတ်ဖို့ အပစ်ရပ်အဖွဲ့တွေ ထုတ်ပြန်
2018.09.12
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အတားအဆီးတွေနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အမြန်ဆုံး တွေ့ဆုံဖို့လိုအပ်နေပြီလို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လေးရက်ကြာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကနေ အခုလို ထုတ်ပြန်လိုက်တာပါ။ ဒီအတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် NCA မှာပါတဲ့ နဂိုမူလ ပြဋ္ဌာန်းချက်တွေအတိုင်း သွားလို့မရနိုင်ဘူးလို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ CNF ချင်းအမျိုးသားတပ်ဦးရဲ့ ဥက္ကဋ္ဌ ပူးဇင်ကျုံးက RFA ကို ပြောပါတယ်။ ပူးဇင်ကျုံးကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။