၂ဝ၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ က ကိုစိုးထွန်းနဲ့ မေးမြန်းချက်
2015.10.28
စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး ၂၁ ရက်နေ့အထိ ကြိုတင်မဲပေးခဲ့ကြရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးသူအများဆုံး ဖြစ်ကြောင်း စင်္ကာပူနိုင်ငံမှာ အခြေစိုက်တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အထောက်အကူပြုအဖွဲ့က ပြောပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အထောက်အကူပြုအဖွဲ့က ကိုစိုးထွန်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။