‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’
2011.04.01
တကယ်တော့ ယီမင်တို့ လစ်ဗျားတို့မှာ ဖြစ်တာတွေမျိုးထက် ပိုပြီးတော့ ကောင်းမွန်တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံမှာ ဖြစ်စေချင်ပါတယ်၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို စာနာလေးစားပြီး တပ်မတော် ခေါင်းဆောင်တွေက အမျိုးသား ရင်ကြားစေ့ရေးကို ဖော်ဆောင်ပေးစေချင်ပါတယ်။ သွေးထွက်သံယိုမရှိပဲ တပ်မတော် အပါအဝင် အားလုံးအတွက် ကောင်းကျိုးဖြစ်စေမဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်ပေးစေချင်ပါတယ်လို့ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို အောင်ဆန်းစုကြည်က ဒီတပတ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကနေ တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယနိုင်ငံက ဦးဖြူဝင်း၊ နယူးယောက်က ကိုမျိုးထွန်း၊ ဂျပန်နိုင်ငံက ဦးသန်းဆွေနဲ့ မမေဘယ်၊ ထိုင်းနိုင်ငံက မအိအိနဲ့ မဇင်မာဖြိုးတို့နဲ့အတူ သြစတြေးလျားနိုင်ငံက ကိုဂျွန်မိုးတို့ရဲ့ မေးခွန်းတွေကို အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားထားပါတယ်။
ဧပြီ ၁ ရက်နေ့ အစီအစဉ်![]() |
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဧပြီ ၁ ရက်) |
![]() |
အသံဖိုင်ယူရန် |