မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ၁၉၈၈ မတ်လ ၁၃ ရက် နေ့က လုံထိန်းရဲတွေရဲ့ လက်ချက်နဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ ရတာနဲ့ အဲဒီနေ့ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် ပြည်ပရောက် မြန်မာတွေက သတ်မှတ်ဂုဏ်ပြု ခဲ့တဲ့ကိစ္စကို အခြေပြု ဆွေးနွေးတင်ပြထားပါတယ်။

2011.03.13

phone_maw_poster_150_zဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားကြသူတွေကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်၊ အမေရိကန်ပြည်ထောင်စုက Burma Today အင်တာနက်သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ့အရေး လှုပ်ရှားသူ ကိုဇော်မိုးအောင်တို့ ဖြစ်ကြပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။