သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-26
ကျောက်ဖြူမြို့မှာ ရက္ခိုင့်တပ်တော် (AA/ULA) ကို အလိုမရှိဆိုတဲ့ စာသားတွေကို နိုဝင်ဘာလ ၂၅ ရက်ကစပြီး ကျောက်ဖြူမြို့မဈေးနဲ့ လူစည်ကားရာနေရာတွမှာ လိုက်ကပ်ထားတယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။
2023-11-26
လွိုင်ကော်မြို့မှာ လူမှုကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး တချို့အသင်းအဖွဲ့အတွေဆိုရင် မြို့ကိုစွန့်ခွာမှုပါရှိလာပါတယ်။
2023-11-26
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၀) ဈေး လမ်းဘေးဈေးဆိုင်တွေကို စစ်ကောင်စီတပ်သား အင်အားငါးဆယ်ဝန်းကျင် ဝင်ရောက်ဖျက်ဆီးသွားပါတယ်။
2023-11-25
မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရွေးကောက်ပွဲမဲရုံလုပ်ငန်းစဉ်တွေမှာ ပါဝင်ပေးခဲ့တဲ့ ပညာရေးဝန်ထမ်းတွေကို စော်ကားတာလို့ ခံစားခဲ့ရတာကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ မသဲစုပိုင် ပါဝင်ခဲ့တာပါ။
2023-11-25
ကိုးကန့်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တရုတ်ဘက်က မျက်ရည်ယိုဗုံး (မီးခိုးဗုံး) အသုံးပြုပြီး နှင်ထုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ အင်ဒိုနီးရှားနိုင်ငံကို ထွက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၅၈ ယောက်ကို တက္ကနပ်မြစ်ဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။
2023-11-25
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တစ်လေးလုံးစစ်ဆင်ရေး စတင်ချိန်ကစပြီး နိုဝင်ဘာ ၂၅ ရက်နေ့အထိ စစ်ကောင်စီဘက်က လက်နက်ချတဲ့ တပ်မတော်သား ၅၉ ယောက်အထိ ရှိတယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။
2023-11-25
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ အာဆီယံအဖွဲ့တွေနဲ့သာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေနဲ့ တွေ့ဆုံခဲ့တာ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2023-11-25
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီး ကျင်စန်းကျော့နယ်စပ်ဂိတ်နဲ့ သိန္နီမြို့နယ်က နမ့်စလပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သတင်းထုတ်ပြန်လိုက်ပါတယ်။
2023-11-25
ရသေ့တောင်ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲစခန်းနှစ်ခုက အင်အား ၁၅၀ ခန့်ဟာ နိုဝင်ဘာ ၂၄ ရက် ည ၉ နာရီခန့်မှာ စခန်းကိုစွန့်ပြီး စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းဘက်ကို ဆုတ်သွားတယ်လို့ ပြောပါတယ်။
2023-11-25
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ အဓိကအဖွဲ့တွေ ပါဝင်တဲ့၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2023-11-25
လောင်းလုံးမြို့နယ်ထဲက သပြေရှောင်ရွာကို အင်အားခုနစ်ဆယ်ခန့်ပါ စစ်ကောင်စီတပ်သားတွေ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်း ဝင်ရောက်လာပြီး ဆိုင်ကယ် ၂၁ စီးနဲ့ တဲအိမ်ရှစ်လုံးကို မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
2023-11-25
၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့ နိုဝင်ဘာလ ၂၇ ရက်မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး (Nationwide Operation) ကို စတင်မယ်လို့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က နိုဝင်ဘာလ ၂၄ ရက်မနေ့ညက ကြေညာပါတယ်။
2023-11-25
လူငါးသောင်းနီးပါး နေထိုင်ခဲ့တဲ့ကောလင်းမြို့ပေါ်မှာ သုံးပုံတစ်ပုံခန့်သာ ပုံမှန်နီးပါး သွားလာနေထိုင်နိုင်ပြီး ကျန်တဲ့သုံးသောင်းကျော်ကတော့ လက်နက်ကြီးကျမှာစိုးရိမ်တာကြောင့် အတည်တကျမနေနိုင်သေးတာလို့ ဆိုပါတယ်။
2023-11-25
ဝက်လက်မြို့နယ် ရွှေပန်းကုန်းရွာမှာရှိတဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နိုဝင်ဘာ ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။