သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-26
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် တစ်ထောင်ခန့် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၈၁ ဦးသေဆုံးခဲ့တယ်လို့ OHCHR ရဲ့ စက်တင်ဘာလ အစီရင်ခံစာမှာဖော်ပြပါတယ်။
2023-09-26
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာမှာနေထိုင်တဲ့ အသက် ၆၂ နှစ် အရွယ် ဦးလှနီနဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုသိန်းဆွေဦးတို့ နှစ်ဦးကို လက်ပြန်ကြိုးတုပ်လျက် ပစ်သတ်ခံထားရတာ စက်တင်ဘာ ၂၅ ရက် မနက်က တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-26
ကလေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ် တရားဟောပွဲကို စက်တင်ဘာ ၂၁ ရက်နေ့ကနေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကလေးပင်မသပိတ်အင်အားစုက ပြောပါတယ်။
2023-09-26
ရှမ်းပြည်နယ် မူဆယ်မြို့နယ်မှာရှိတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ လွယ်မြောက်တပ်စခန်းကို စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီခွဲမှာ စစ်ကောင်စီက ပေါင် ၅၀၀ ရှိတဲ့ ဗုံးနှစ်လုံးကြဲချတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
2023-09-26
ပဲခူးနဲ့ မကွေးတိုင်းမှာရှိတဲ့ စစ်ကောင်စီ ကင်းစခန်းနဲ့ ရဲကင်းစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ KNLA၊ ABSDF တို့ ပူးပေါင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးရှစ်ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ပြောပါတယ်။
2023-09-26
အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ဘေးဒုက္ခသည် ခြောက်သိန်းသုံးသောင်းကျော် ရှိလာပါတယ်။
2023-09-26
မင်းတပ်မြို့အဝင်ပန်းခြံအနီး မြေမြှုပ်မိုင်းနင်းမိပြီး အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပါတယ်။
2023-09-26
စစ်ကောင်စီအဖွဲ့ကနေ ထုတ်ပယ်လိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ရဲ့ နေရာမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော တို့ကို အစားထိုးခန့်အပ်လိုက်ပါတယ်။
2023-09-26
အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို နိုင်ငံတကာက ဖိအားပေးအရေးယူဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုကြပါတယ်။
2023-09-26
မြန်မာနယ်စပ် မူဆယ်ဘက်အခြမ်းမှာ မြန်မာနိုင်ငံသားတွေ တရုတ်နိုင်ငံထဲဝင်ဖို့ တန်းစီစောင့်နေရသလို တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှာလည်း နေထိုင်ခွင့် (QR) ကုဒ်ရဖို့ နေ့စဉ် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး စောင့်နေရပါတယ်။
2023-09-26
NLD ပါတီရဲ့ ပဲခူးတိုင်း ပြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ထောင်ဒဏ်နှစ် ၂၀ ထပ်တိုးချမှတ်လိုက်တာကြောင့် စုစုပေါင်းထောင်ဒဏ် ၃၉ နှစ်ထိရှိလာပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။
2023-09-26
ကလေးမြို့မှာ ယခုနှစ် သင်္ကြန်ကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သူလေးဦးကို စစ်ကောင်စီ တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်ပါတယ်။
2023-09-26
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လူ လေးထောင်ကျော် မတရားသတ်ဖြတ်ခံခဲ့ရပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉၂ ဦးပါဝင်တယ်လို့ NLD လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
2023-09-26
ထောင်တွင်းဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ဧရာဝတီတိုင်း ပုသိမ်ထောင်က နိုင်ငံရေးအကျဥ်းသား ၆၃ ဦးကို ထောင်အာဏာပိုင်တွေက ထောင်သုံးနှစ်ကနေ ခြောက်နှစ်စီ ထပ်တိုးချမှတ်လိုက်ပါတယ်။
2023-09-26
တန့်ဆည်မြို့ ဈေးဟာင်းအနီးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး ဆိုင်မှာထိုင်နေတဲ့ လူငယ် သုံးဆယ်နီးပါးကို ဖမ်းဆီးသွားပါတယ်။