သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-01
7 Day သတင်းစာမှာ ပြီးခဲ့တဲ့ ဧပြီလကဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ဟာ တပ်တွင်းစည်းလုံးညီညွတ်မှုကို ပျက်ပြားစေတယ်ဆိုပြီး တပ်မတော်ဘက်က တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာမှာ ပြန်လည်တောင်းပန်ကြောင်း ဖော်ပြခဲ့ရတာဟာ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထင်မြင်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်က ဒီကနေ့ သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2016-07-01
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံးဖြစ်တဲ့ အဆင့် (၃) နေရာကို လျှော့ချလိုက်ပါတယ်။ အဲဒီ အစီရင်ခံစာမှာ နိုင်ငံရေးပယောဂ မကင်းဘူးလို့ လည်း ဝေဖန်သံတွေထွက်ပေါ်နေပါတယ်။
2016-07-01
ရှမ်းပြည်နယ် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကျေးရွာအနီး ပြောင်းဖူးခင်းမှာ ဇွန်လ ၃ဝ ရက်နေ့က တွေ့ရှိခဲ့တဲ့ အလောင်း ၇ လောင်းမှာ ဇွန်လ ၂၅ ရက်နေ့က ရွာအနီး ပစ်ခတ်မှုတွေဖြစ်ပွားနေစဉ် ဒေသအခြေစိုက် အစိုးရတပ်မတော်က ဖမ်းဆီးသွားခဲ့တဲ့ လူတွေထဲက အမျိုးသား ၅ ဦး ပါဝင်တယ်လို့ ပြန်လွတ်လာသူတွေနဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2016-07-01
နေပြည်တော်ကောင်စီနယ်မြေမှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာတိုက်နဲ့ အဆောက်အဦးအတွက် သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေဧက ၂ဝဝ ကျော်ကို ဒီနေ့ မူလတောင်သူတွေဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
2016-07-01
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA နဲ့ တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ- ENAC အဖွဲ့ နှစ်ဖွဲ့တို့ နိုင်ငံရေးဆွေးနွေး ပွဲတွေ ကျင်းပတဲ့အခါ တိုင်းရင်းသားတွေလိုလားတဲ့ မူဝါဒတွေကို စုစည်းတင်ပြနိုင်ဖို့အတွက် ဆွေးနွေး ပွဲကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပနေပါတယ်။
2016-07-01
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့ဟာ ၆၉ နှစ်မြောက် အာဇာနည်နွှေဖြစ်ပြီး အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပမယ့် အာဇာနည်နေ့အတွက် ဂူဗိမာန်တွေကို ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။
2016-07-01
နေပြည်တော်ကောင်စီနယ်မြေမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ဧက နှစ်ရာ ကျော်ကို တောင်သူတွေထံ ဇွန်လ (၃ဝ) ရက်နေ့ ဒီနေ့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
2016-07-01
ဧရာဝတီမြစ်ရေစီးကြောင်းထိန်းသိမ်းရေးအတွက် အဓိကလုပ်ကိုင်မယ့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်းလုပ်ဆောင်ဖို့ ပထမအကြိမ် ပြည်သူ့အကြံပြုဆွေးနွေးပွဲကို ရန်ကုန်မြို က UNFCCI "ပြည်ထောင်စုသမ္မတနိုင်ငံတော် မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်"မှာ ပြုလုပ်ခဲ့ပါတယ်။