သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-01
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တို့ဟာ ဒီနေ့ကျင်းပတဲ့ ပြည်နယ် လွှတ်တော်တွေမှာ ဝန်ကြီးချုပ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆို ခဲ့ကြပါတယ်။
2016-04-01
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ"ကို အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
2016-04-01
သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က လက်ရှိ တည်ဆဲ ဥပဒေတွေထဲက ဥပဒေ ၁၄၂ ခုကို ပြင်ဆင်၊ ပယ်ဖျက်ဖို့၊ ရုပ်သိမ်းဖို့နဲ့ အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်ကြောင်း အကြံပြုချက်ကို လွှတ်တော် ဥက္ကဋ္ဌတွေထံ ပေးပို့လိုက်ပါတယ်။
2016-04-01
ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLD ပါတီခေါင်းဆောင်တွေ အစိုးရအဖွဲ့ထဲကိုရောက်သွားချိန်မှာ ပါတီလုပ်ငန်းတွေလုပ်ဆောင်ခွင့်မရှိတာကြောင့် NLD ပါတီစည်းရုံးရေးကျဆင်းမလားဆိုတဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။
2016-04-01
၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတဖြစ်ခွင့် ကန့်သတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့မှာ တရားဝင်ဦးဆောင်ခွင့်ပေးမယ့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့တင်သွင်းခဲ့ပါတယ်။
2016-04-01
ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရှမ်းတိုင်းရင်းသားမဟုတ်သူတစ်ဦးကို တာဝန်ပေးခန့်အပ်လိုက်တဲ့အတွက် ပြည်နယ်ရေးဆောင်ရွက်ရာမှာ တချို့ကိစ္စတွေအတွက် စိန်ခေါ်မှုရှိလာနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က သုံးသပ်လိုက်ပါတယ်။