သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-29
ကချင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင် ရွှေတူးဖော်တာတွေတင်မကဘဲ ကျောက်စိမ်း၊ မြေရှားနဲ့ သစ်ထုတ်လုပ်တာတွေလည်း သိသိသာသာ များလာပါတယ်။
2024-08-29
ပူတာအိုမှာ ဆေးဝါး၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်နေတာ ခြောက်လနီးပါးရှိလာပါတယ်။
2024-08-29
စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန် ဒေါ်လာစျေးဟာ တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၅,၇၀၀ ဝန်းကျင်ရှိနေပြီး ပြည်တွင်း အခေါက်ရွှေစျေးနှုန်းကလည်း တစ်ကျပ်သားကို ကျပ်သိန်း ခုနစ်ဆယ်ဝန်းကျင်အထိ တဖြည်းဖြည်း ပြန်ကျဆင်းလာပါတယ်။
2024-08-29
အိမ်ခြေနှစ်ရာခန့်ရှိတဲ့ ရေငံရွာက နေအိမ် တစ်ရာခန့်နဲ့ အိမ်ခြေ တစ်ရာကျော်ရှိတဲ့ အုတ်ဖိုစုရွာက နေအိမ်တစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
2024-08-29
ကျိန္တလီမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံအများစုက နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဧရာ၀တီတိုင်းကို ထွက်ပြေးခိုလှုံနေကြပါတယ်။
2024-08-29
ဧရာ၀တီတိုင်းက မြို့နယ်တချို့မှာ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အကြား အမျိုးသားတွေကို ဩဂုတ် နောက်ဆုံးပတ်ကစပြီး ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် စာရင်းစကောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
2024-08-29
ဩဂုတ် ၂၇ ရက်နေ့က ရန်ကုန်မြို့၊ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်အနီးမှာ ဆန်အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်နဲ့ ပွဲစားဆယ်ဦးအပြင် ဘုရင့်နောင်ဆန်ပွဲရုံဘက်မှာလည်း ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
2024-08-29
မြန်မာနိုင်ငံက စက်ရုံအလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကတစ်ဆင့် ကောက်ခံနေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ပြည်တွင်းပြည်ပ အလုပ်သမားတွေက (ILO) ထံ တောင်းဆိုလိုက်ပါတယ်။
2024-08-29
သံလွင်နဲ့ စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် ပဲခူးတိုင်း တောင်ငူ၊ မဒေါက်နဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်တွေမှာ မြစ်ရေကြီးမှုတွေ ဆက်ဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလက ထုတ်ပြန်ပါတယ်။
2024-08-28
ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ရဲ့ စစ်သင်တန်းကျောင်းမှာ အသက်နှစ်ဆယ်ကျော် ဝန်းကျင်ရှိကြတဲ့ လူငယ် တစ်ရာလောက်ဟာ ပြင်းထန်တဲ့ စစ်သင်တန်းတွေ တက်ရောက်နေကြပါတယ်။
2024-08-28
ရှမ်းပြည်နယ်မှာ ၁ဝ၂၇ စစ်ဆင်ရေး ဆယ်လအတွင်း မြို့ပေါင်း နှစ်ဆယ်ကို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ တွေက သိမ်းယူထားပါတယ်။
2024-08-28
ဒီသတင်းသမားနှစ်ဦးကို နှစ်ရှည်ပြစ်ဒဏ်တွေချမှတ်တာဟာ အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်ဖြစ်ပြီး သတင်းသမားတွေကြား အကြောက်တရားလွှမ်းမိုးအောင် ရည်ရွယ်တာဖြစ်တယ်လို့ CPJ ရဲ့ အကြီးတန်းကိုယ်စားလှယ်က ပြောပါတယ်။
2024-08-28
ဒီလိုတွေ့ဆုံချိန်မှာ တရားမဝင် ဓာတုမူးယစ်ဆေးဝါး စီးဆင်းနေတာလျှော့ချဖို့ နောက်ထပ်ဆောင်ရွက်မဲ့ ကိစ္စရပ်ကို ဆွေးနွေးခဲ့ပါတယ်။
2024-08-28
TNLA၊ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ DPLA စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အတွင်းမှာ စျေးဆိုင်အချို့ ပုံမှန် ပြန်ဖွင့်ထားတာကို ဩဂုတ်လ ၂၈ ရက်နေ့မှာ တွေ့ရတာပါ။
2024-08-28
မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အဆိုပြုလွှာမူကြမ်းမှာ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ရှုတ်ချပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြဖို့ တိုက်တွန်းထားကြောင်း AP သတင်းမှာ ဒီနေ့ဖော်ပြပါတယ်။