သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-01
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေ ကို နိုဝင်ဘာလ ၄ရက်နေ့မှာ စတင်လက်ခံမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မှန်ကြောင်းနဲ့ ၁၉၉၃ သဘောတူညီချက်တွေ ကို နှစ်နိုင်ငံအစိုးရချင်း ပြင်ဆင်ဖြည့်စွက်ဖို့တွေ ရှိနေသေးကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။
2017-11-01
လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်ဟာ အစိုးရသွားလိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအားထုတ်မှုကို ခြိမ်းခြောက်မှုတွေဖြစ်နေတဲ့အတွက် စိုးရိမ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-11-01
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မှာ နိုင်ငံသားစိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်မယ့် သက်သေခံကဒ်ပြား NVC ကဒ်တွေထုတ်ပေးခဲ့ရာမှာ ကဒ်တွေကိုမထုတ်ယူဖို့ ဒေသခံတွေကို အကြမ်းဖက် သမားတွေက ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေပါတယ်။
2017-11-01
မြန်မာနိုင်ငံမှာ အာဏာရအသိုင်းအဝိုင်း၊ ခရိုနီအသိုင်းအဝိုင်းတွေနဲ့ မပတ်သက်ဘဲ အသေးစားစီးပွားရေး လုပ်ငန်းလုပ်နေတဲ့သူတွေအတွက် မလိုလားအပ်တဲ့ အခက်အခဲတွေ ကြုံနေရဆဲဖြစ်တာကြောင့် မြန်မာ့စီးပွားရေး ဦးမော့နိုင်မှာ မဟုတ်သေးဘူး ဆိုတဲ့အကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2017-11-01
နိုင်ငံတကာမီဒီယာတွေရဲ့ သတင်းအမှားတွေကြောင့် NLD ပါတီအနေနဲ့ တိုင်းပြည်ညီညွတ်ရေးကိုရှေးရှုပြီး ထောက်ခံပွဲတွေလုပ်ရတာဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။