သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-01
စစ်ကောင်စီဟာ နိုင်ငံတကာစာမျက်နှာမှာ နေရာမရတဲ့အပြင် ပြည်တွင်းခုခံတော်လှန်မှုတွေလည်း အရှိန်ကောင်းလာတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးအလှည့်အပြောင်း ဖြစ်လာမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်မိန့်ခွန်းမှာ ထည့်သွင်းပြောလိုက်ပါတယ်။
2023-01-01
အဖမ်းခံရသူတွေထဲမှာ အသက် ၂၀ ကနေ ၄၀ ဝန်းကျင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီးခုနစ်ဦး ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2023-01-01
ပြည်တွင်းအခြေစိုက် Media Top 4 သတင်းဌာနတည်ထောင်သူ သတင်းထောက် ဦးသူရိန်ကျော်ကို စစ်ကောင်စီရဲ့ မရမ်းကုန်းခရိုင်တရားရုံးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အလုပ်နဲ့ ထောင် ၁၀ နှစ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။