သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-01
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှာ ရှိတဲ့ အေးမြသာယာ မြို့ပြစီမံကိန်း ဆောက်ပြီး ပိုနေတဲ့ လယ်မြေတွေမှာ ဒီနေ့ လယ်သမား ၅၀လောက်က ဝင်ရောက်ထွန်ယက်ခဲ့ကြ ပါတယ်။
2014-06-01
ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရေအေးကွင်း ရပ်ကွက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ UWSA 'ဝ' တပ်ဖွဲ့က ဗိုလ်မှူးတစ်ဦးနေအိမ်မှာ ကျပ်သိန်းထောင်ဂဏန်းရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခဲ့တဲ့ ၁၈ ဦး အနက် ၈ ဦး ဟာ အမှုကနေ လွတ်မြောက်သွားပြီလို့ သိရပါတယ်။
2014-06-01
ဒီပဲယင်းအရေးအခင်းမှာ ကွယ်လွန်ခဲ့ ရသူတွေကို ရည်စူးအမျှပေးဝေတဲ့ ဆွမ်းကျွေးပွဲကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ စနေနေ့ မနေ့က ကျင်းခဲ့ပါတယ်။
2014-06-01
တနင်္ဂနွေ စကားဝိုင်းမှာ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကော်မရှင်က သတိပေးစာ၊ နိုင်ငံရေးပါတီတွေကို အကောက်ခွန်မဲ့ကားသွင်းခွင့်နဲ့ ရုံးခန်းမြေနေရာတွေပေးဖို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သမ္မတထံတင်ပြချက်နဲ့ အလုပ်သမား လယ်သမားတွေရဲ့လက်ရှိတောင်းဆိုမှုတွေအပေါ် ရှုမြင်ချက်တွေကိုနားဆင်ရမှာဖြစ်ပါတယ်။ ဒီတပတ်အစီအစဉ်ကို ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။