သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-01
ဒီနှစ် ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ကရင်ရိုးရာယဉ်ကျေးမှုပြခန်းတွေကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားမှာ ဒီနေ့ကစပြီး ဇန်နဝါရီလ ၂ ရက်နေ့ အထိ သုံးရက်ကြာ ပြသနေပါတယ်။ RFA သတင်းထောက် ကိုထွန်းမြင့် က တင်ပြထားပါတယ်။
2014-01-01
ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ နိုင်ငံရေး နယ်ပယ်က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ အပါအဝင် နယ်ပယ်အသီးသီးမှာ စိတ်ဝင်စကား ပြောဆိုဆွေးနွေးခဲ့ကြပါ တယ်။ RFA ဝိုင်းတော်သူ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2014-01-01
၂ဝ၁၃ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ပြန်ကြည့်တဲ့အခါမှာ လွှတ်တော်နဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အားကောင်းလာသလို လွတ်လပ်စွာ ပြောဆိုခွင့်တွေလည်း ပိုရှိလာတဲ့အတွက် အားကောင်းတဲ့နှစ်လို့ ပြောရမှာဖြစ်ပေမယ့် အလုပ်လက်မဲ့ ပြဿနာနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းချက်တွေ ရှိနေတာကို တွေ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-01-01
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မနေ့က ကျင်းပတဲ့ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေ ဟောပြော ပွဲ ငါးရက်မြောက်နေ့ မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ စာရေးဆရာမ ရွှေကူမေနှင်းတို့ ဟောပြောခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။