သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-01
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ မော်တော်ယာဉ်တန်းဟာ မနေ့က မိုးကုတ်မြို့ကနေ မန္တလေးအပြန်လမ်းမှာ မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် ဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းမှာ လိုက်ပါခဲ့တဲ့ သတင်းထောက်တစ်ဦး နဲ့ နောက်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2014-02-01
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ပညာရေးမူဝါဒ ပြောင်းလဲရေး ကြိုးပမ်းချက်တွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2014-02-01
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီက အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေရဲ့ အကြံပြုစာတွေ ပြည်ထောင်စုလွှတ်တော်ကို တင်ပြလိုက်တဲ့အခါမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လက်မှတ် ၁ သိန်းကျော်ပါဝင်တဲ့ကိစ္စနဲ့အခြေခံဥပဒေပြင်ဆင်နိုင်ခွင့် အလားအလာနဲ့ပတ်သက်လို့NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-02-01
လွှတ်တော်က ဖွဲ့စည်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက လက်ခံရရှိတဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကြံပြုချက်တွေကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-02-01
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ပုံတူလက်ပုံစံတွေကို စုဆောင်းနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ပန်းချီဆရာကိုထိန်လင်း ဟာ မန္တလေးမြို့က နိုင်ငံရေး အကျည်းသားဟောင်းတွေရဲ့ လက်ပုံစံတွေကို ကျောက်ပတ်တီးကိုင်ပြီး ကူးယူစုဆောင်းခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2014-02-01
ပြည်ထောင်စုအစိုးရရဲ့ ၂ဝ၁၄-၂ဝ၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးချက်တွေအပေါ် သက်ဆိုင်ရာ ဝန်းကြီးဌာနဝန်ကြီးတချို့ လာရောက်ဖြေကြားခဲ့တဲ့ ဖြေကြားချက်တွေအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားပါတယ်။
2014-02-01
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အစိုးရနဲ့ပုဂ္ဂလိက ဖက်စပ်လုပ်ကိုင်တဲ့ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အလားအလာတွေ ရှိနေပါတယ်။ RFA ဆောင်းပါးရှင် ရှင်ဒေဝီက တင်ပြထားပါတယ်။
2014-02-01
အခုဆက်ပြီး အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသားစကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ ဒီတပတ်မှာတော့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်၊ မန္တလေး မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် ဦးအရိယ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်နပ်၊ KIA ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ မွေး/ရေ ဝန်ကြီး ဦးအုန်းမြင့်တို့ရဲ့ တို့ရဲ့ ပြောကြားချက်တချို့ကို စုစည်းတင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။