အခြေခံလူတန်းစားတွေဘဝ ပိုခက်ခဲလာ

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုကြောင့် ရန်ကုန်မြို့က အခြေခံလူတန်းစားတွေဟာ အစားအသောက်တွေ အခမဲ့ဝေငှပေးတဲ့ ဒါမှမဟုတ် ဈေးလျော့ရောင်းပေးတဲ့ နေရာတွေကိုလာပြီး တိုးဝှေ့တန်းစီနေကြတာကို မကြာခဏ တွေ့လာရပါတယ်။

အောင်သမာဓိရွှေဆိုင်ကဝေတဲ့ အစားအသောက်တွေရဖို့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီးပေါ်မှာ စီတန်းစောင့်ဆိုင်းနေကြသူတွေကို ၂၀၂၃ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုကြောင့် ရန်ကုန်မြို့မှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးတွေကို မကြာခဏတွေ့လာရပါတယ်။

အောင်သမာဓိရွှေဆိုင်ကဝေတဲ့ အစားအသောက်တွေရဖို့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီးပေါ်မှာ စီတန်းစောင့်ဆိုင်းနေကြသူတွေကို ၂၀၂၃ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အစားအသောက်တွေ အခမဲ့ဝေငှပေးတဲ့ ဒါမှမဟုတ် ဈေးလျော့ရောင်းပေးတဲ့ နေရာတွေကိုလာပြီး အခြေခံလူတန်းစားတွေ တိုးဝှေ့တန်းစီနေကြတာပါ။

အောင်သမာဓိရွှေဆိုင်ကဝေတဲ့ အစားအသောက်တွေရဖို့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီးပေါ်မှာ စီတန်းစောင့်ဆိုင်းနေကြသူတွေကို ၂၀၂၃ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

၂၀၂၃ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီးပေါ်မှာ စီတန်းစောင့်ဆိုင်းနေကြသူတွေကို တွေ့ရပါတယ်။

အောင်သမာဓိရွှေဆိုင်ကဝေတဲ့ အစားအသောက်တွေရဖို့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီးပေါ်မှာ စီတန်းစောင့်ဆိုင်းနေကြသူတွေကို ၂၀၂၃ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အောင်သမာဓိရွှေဆိုင်က လူတစ်ယောက်ကို လက်ဆွဲအိတ်တစ်လုံးစီ ဝေငှပေးနေတာပါ။

အောင်သမာဓိရွှေဆိုင်ကဝေတဲ့ အစားအသောက်တွေရဖို့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီးပေါ်မှာ စီတန်းစောင့်ဆိုင်းနေကြသူတွေကို ၂၀၂၃ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဲဒီလက်ဆွဲအိတ်ထဲမှာ ဆန်တစ်ပြည်၊ ကုလားပဲတစ်ဗူး၊ ကြက်ဥ ၁၀ လုံး၊ ရှူးရှဲလက်ဖက် ၁၀ ထုတ်၊ ကြက်သားမှုန့် နှစ်ထုတ်၊ ရေသန့် တစ်ဘူး၊ ပဲကြာဇံတစ်ထုတ်နဲ့ ငွေသား နှစ်ထောင်ကျပ် ပါဝင်ပါတယ်။

အောင်သမာဓိရွှေဆိုင်ကဝေတဲ့ အစားအသောက်အိတ်ကို တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့အပါအဝင် နေပြည်တော်နဲ့ မန္တလေးမြို့က လူပေါင်း ၃၅၀၀ အတွက် ကုသိုလ်ဖြစ် ဝေငှခဲ့တာလို့ ဆိုပါတယ်။

အောင်သမာဓိရွှေဆိုင်ကဝေတဲ့ အစားအသောက်တွေရဖို့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီးပေါ်မှာ စီတန်းစောင့်ဆိုင်းနေကြသူတွေကို ၂၀၂၃ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စီးပွားရေးမြို့တော် ရန်ကုန် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ အဆမတန်တက်နေတဲ့ ကုန်ဈေးနှုန်း၊ အလုပ်အကိုင်ရှားပါးမှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် အခြေခံလူတန်းစားတွေ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org