ကိုရင်ဘဝကနေ လက်နက်ကိုင်လာသူ

ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို မခံမရပ်နိုင်တာကြောင့် ကိုရင်ဘဝကို စွန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုဖီးနစ်။

ကိုဖီးနစ်ဟာ စစ်အာဏာမသိမ်းခင်က ရှင်သာမဏေကျော် ပထမအဆင့် အောင်မြင်ထားတဲ့ ဝါ ၁၉ ဝါရ ကိုရင်တစ်ပါးဖြစ်ပါတယ်။

ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို မခံမရပ်နိုင်တာကြောင့် ကိုရင်ဘဝကို စွန့်ပြီး လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုတော့ သူဟာ စစ်ကောင်စီကို ပြန်လည်ခုခံဖို့ လုံခြုံရေးအရ နာမည်ဖော်ပြလို့မရတဲ့ ဒေသတစ်ခုမှာ စစ်သင်တန်း တက်ရောက်နေတာ ဖြစ်ပါတယ်။

အသက် ၉ နှစ်ကတည်းက ကိုရင်ဘဝနဲ့ ကြီးပြင်းလာခဲ့ရတဲ့သူ့အတွက် လက်နက်ကိုင်လမ်းစဉ်ဟာ သာမန်သူတွေထက် ပိုခက်ခဲတယ်လို့ ကိုဖီးနစ်ကပြောပါတယ်။

ဒါပေမဲ့ ဒီနွေဦးတော်လှန်ရေး အလုံးစုံအောင်မြင်မယ်လို့ ယုံကြည်ထားတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ လူငယ်အများအပြား ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org