နေရပ်မပြန်နိုင်ကြတော့တဲ့ မောင်တောမြို့က ဟိန္ဒူဒုက္ခသည်များ

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ဟိန္ဒူဘာသာဝင် ရာနဲ့ချီ သတ်ဖြတ်ခံခဲ့ရပြီး ခမောင်းဆိပ်၊ ကြိမ်ချောင်း၊ ရဲဘော်ကျ၊ သုံးတုံးနားခွဆုံ၊ လေးမိုင်လက်သာရွာ စတဲ့ကျေးရွာတွေက အိမ်ထောင်စု နှစ်ရာကျော်ဟာ မောင်တောမြို့မှာ ဒီနေ့အထိ အခက်အခဲတွေနဲ့ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

ဟိန္ဒူဒုက္ခသည်များနေထိုင်ကြသည့် မောင်တောမြို့မအရှေ့(၄)ရပ်ကွက်မှ တာပေါ်လင်စအမိုးအကာနဲ့ တဲအိမ်ငယ်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။ RFA

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ဟိန္ဒူဘာသာဝင် ရာနဲ့ချီ သတ်ဖြတ်ခံခဲ့ရပြီး ခမောင်းဆိပ်၊ ကြိမ်ချောင်း၊ ရဲဘော်ကျ၊ သုံးတုံးနားခွဆုံ၊ လေးမိုင်လက်သာရွာ စတဲ့ကျေးရွာတွေက အိမ်ထောင်စု နှစ်ရာကျော်ဟာ မောင်တောမြို့မှာ ဒီနေ့အထိ အခက်အခဲတွေနဲ့ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

မောင်တောမြို့မအရှေ့(၄)ရပ်ကွက်တွင် နေထိုင်ကြသည့် ဟိန္ဒူဒုက္ခသည်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဲဒီအထဲက အိမ်ထောင်စု ၁၄၈ စုကို ရွှေဇားကျေးရွာအုပ်စု အောင်ဗလကျေးရွာမှာ အိန္ဒိယအစိုးရရဲ့ အကူအညီနဲ့ ၂၀၁၉ ခုနှစ်က နေရာချထားပေးခဲ့သလို နောက်ထပ် အိမ်ထောင်စု ၂၀ ကျော်ကိုတော့ အစိုးရက မြို့မအရှေ့ ရပ်ကွက်မှာ နေရာချထားပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျန်အိမ်ထောင်စု လေးဆယ်ကျော်ကတော့ မြို့မအရှေ့ရပ်ကွက်မှာ ယာယီတဲတွေနဲ့ ဖြစ်သလို နေထိုင်နေကြရဆဲဖြစ်ပါတယ်။

မောင်တောမြို့မအရှေ့(၄)ရပ်ကွက်တွင် နေထိုင်ကြသည့် ဟိန္ဒူဒုက္ခသည်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဲဒီ ယာယီတဲတွေကလည်း ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ မူလအတိုင်းပြန်လည်ပြုပြင်နိုင်ခြင်း မရှိကြသေးပါဘူး။

လက်ရှိမှာ စားဝတ်နေရေး၊ နေစရာထိုင်ခင်းအပြင် ယင်လုံအိမ်သာမရှိတဲ့ အခက်အခဲနဲ့ပါ ကြုံနေကြရတယ်လို့ ဟိန္ဒူဒုက္ခသည်တွေကပြောပါတယ်။

ဟိန္ဒူဒုက္ခသည်များနေထိုင်ကြသည့် မောင်တောမြို့မအရှေ့(၄)ရပ်ကွက်မှ တာပေါ်လင်စအမိုးအကာနဲ့ တဲအိမ်ငယ်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

၂၀၁၇ ခုနှစ်က မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် ရိုဟင်ဂျာ ခြောက်သိန်းကျော်နဲ့ ဟိန္ဒူဘာသာဝင် လေးရာကျော်ဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။

ဟိန္ဒူဒုက္ခသည်များနေထိုင်ကြသည့် မောင်တောမြို့မအရှေ့(၄)ရပ်ကွက်မှ တာပေါ်လင်စအမိုးအကာနဲ့ တဲအိမ်ငယ်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မောင်တောမြို့မှာ ခိုလှုံနေကြရတဲ့ ဟိန္ဒူဒုက္ခသည်တွေကတော့ သူတို့ရဲ့နေရပ်မှာ နေစရာအိမ်တွေ မရှိတော့တာကြောင့် နေရပ်မပြန်နိုင်ကြတော့တာလို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org