ရန်ကုန်မြို့က ဟိန္ဒူရိုးရာ ဓားတက်ပူဇော်ပွဲ

RFA Burmese
2024.03.03
ရန်ကုန်မြို့က ဟိန္ဒူရိုးရာ ဓားတက်ပူဇော်ပွဲ ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂ဝ၂၄ ခုနှစ် မတ်လ ၃ ရက်နေ့က ကျင်းပခဲ့သည့် ဟိန္ဒူရိုးရာ ဓားတက်ပူဇော်ပွဲ မြင်ကွင်းတစ်ခု။
Photo: RFA

ဟိန္ဒူရိုးရာ ဓားတက်ပူဇော်ပွဲကို ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် စရီမဟာမူနီ(စ်)ဝရရ် ဘုရားကျောင်းမှာ မတ်လ ၃ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Photo: RFA
Photo: RFA

ဟိန္ဒူဘာသာဝင် တမီးလ်လူမျိုးတွေဟာ တမီးလ်ပြက္ခဒိန်ရဲ့ ဆယ်လမြောက်ဖြစ်တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းဝန်းကျင်လောက်မှာ ဒီပွဲကို ဆင်နွှဲလေ့ရှိကြပါတယ်။

Photo: RFA
Photo: RFA

သျှီဗားရဲ့ကိုယ်ပွားတော်ဖြစ်တဲ့ မဟာမူနီး(စ်)ဝရရ်ကို ပူဇော်တဲ့အနေနဲ့ ထက်နေအောင်သွေးထားတဲ့ ဓားသွားပေါ်မှာ ခြေဗလာနဲ့ တက်ကြတာဖြစ်ပါတယ်။

Photo: RFA
Photo: RFA

ကျန်းမာရေးကောင်းအောင်၊ စီးပွားလာဘ်လာဘတိုးအောင်၊ အန္တရာယ်ကင်းအောင်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ပူဇော်ကြတာဖြစ်ပါတယ်။

Photo: RFA
Photo: RFA

မြန်မာနိုင်ငံတစ်ဝန်းက ဟိန္ဒူဘာသာဝင်တွေဟာ တမီးလ်ပြက္ခဒိန် ဆယ်လမြောက်လမှာ ဓားတက်တာအပြင်၊ မီးနင်းတာ၊ အပ်စိုက်တာ၊ ဥပုသ်စောင့်တာတွေ လုပ်လေ့ရှိပါတယ်။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။