ပြန်လည်မထူထောင်နိုင်သေးတဲ့ မုန်တိုင်းသင့် ဗေဒါရွာ

စစ်တွေမြို့နယ်က ဗေဒါရွာဟာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်မထူထောင်နိုင်ကြသေးဘူးလို့ ပြောပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဗေဒါရိုဟင်ဂျာရွာကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ရိုဟင်ဂျာတွေနေထိုင်တဲ့ ဗေဒါရွာဟာ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်မထူထောင်နိုင် ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဗေဒါရိုဟင်ဂျာရွာကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မုန်တိုင်းတိုက်ခတ်ခဲ့တာ အချိန်လေးလရှိသွားပေမယ့် အခုအချိန်အထိ နေအိမ်တွေ ပြန်မဆောက်နိုင်သေးတာကြောင့် တာပေါ်လင်တွေနဲ့ ဖြစ်သလို တဲအိမ်ထိုးပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဗေဒါရိုဟင်ဂျာရွာတွင် နေထိုင်သူအချို့အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီနဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီတွေလည်း လုံလုံလောက်လောက် မရတာကြောင့် စားရေးသောက်ရေးလည်း ခက်ခဲနေတယ်လို့ ဗေဒါရွာခံ ဒေါ်မတင်ဝင်းက RFA ကို ပြောပါတယ်။

"အရင်ကတော့ အစိုးရဆီက ဆန်အထောက်အပံ့ နည်းနည်းရခဲ့တယ်။ နိုင်ငံတကာ အဖွဲ့ဆီကရောပေါ့။ ဒါပေမဲ့ နည်းနည်းပဲရတာ။ အခုတော့ ဘာအကူအညီမှ မရဘူး။ ဒီအတိုင်းပဲ ဖြစ်သလိုချေးငှားရပြီး အငတ်ငတ်အမွတ်မွတ် စားသောက်နေရတယ်။ ရေဆိုရင်လည်း ဆားငန်ရေနဲ့ပဲ သုံးနေကြရတယ်"

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဗေဒါရိုဟင်ဂျာရွာတွင် နေထိုင်သူအချို့အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မုန်တိုင်းကြောင့် ငါးဖမ်းစက်လှေတွေ၊ ငါးဖမ်းပိုက်တွေလည်း ပျက်စီးဆုံးရှုံးသွားပြီး လက်ရှိမှာတော့ ရွာသားအများစုဟာ အလုပ်အကိုင်တွေ မရှိကြတော့ဘူးလို့လည်း သူကဆိုပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဗေဒါရိုဟင်ဂျာရွာကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီရွာမှာ အိမ်ခြေ လေးရာနီးပါးရှိပြီး လူဦးရေ နှစ်ထောင်ကျော် နေထိုင်ပါတယ်။ ရွာက မုန်တိုင်းအဓိက ပြင်းထန်သွားတဲ့ စစ်တွေပင်လယ်ပြင်ကမ်းစပ်က ကျွန်းပေါ်မှာ တည်ရှိတာပါ။ အဲဒီ မုန်တိုင်းကြောင့် ရွာသားသုံးဆယ်နီးပါးလည်း သေဆုံးခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org