သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-29
ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ သူရဦးရွှေမန်းဟာ တရုတ်နိုင်ငံ ဘေဂျင်းမှာ ရောက်ရှိနေပါတယ်။
2017-04-29
မြန်မာပြည်ဟာ စစ်အာဏာရှင်စနစ်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့တဲ့ တခြားနိုင်ငံတွေနည်းတူ အခက်အခဲတွေကို ရင်ဆိုင်နေရတာဖြစ်ပြီး ဒီမိုကရေစီစနစ်အခြေကျလာတာနဲ့အမျှ တိုးတက်လာမှာဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာ သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပြောကြားလိုက်ပါတယ်။
2017-04-28
ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနဲ့ ပြည်တွင်း အခွန်များဦးစီးဌာနညွှန်ချုပ်တို့က ပြည်တွင်းအခွန်များ ဦးစီးဌာနက ဝန်ထမ်းတွေ လုံးဝလာဘ်မစားဘူးလို့ အာမခံလိုက်ပြီး အဲဒီဌာနကဝန်ထမ်းတွေကို သုံးလတစ်ကြိမ် ဆုကြေးငွေ ပေးဖို့စီစဉ်နေတယ် လို့ ပြောဆိုခဲ့ပါတယ်။
2017-04-28
YBS ဘတ်စ်ကားစနစ်ကို မအောင်မြင်တာဟာ နိုင်ငံရေးပယောဂကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲ့ အကြောင်းပြချက်ဟာ အခြေအမြစ်မရှိသလို အရင်စစ်အစိုးရလက်ထက်က အကြောင်းပြချက်နဲ့ တူနေတယ်လို့ ထောက်ပြဝေဖန်နေကြပါတယ်၊ မသင်းသီရိ ဆက်ပြောပြမှာပါ။
2017-04-27
မွန်ပြည်နယ်မှာ ဒေသခံမွန်လူမျိုးတွေနဲ့ မွန်ပြည်နယ် လွှတ်တော်တို့ အပြင်းအထန် ကန့်ကွက်နေတဲ့ကြား ကပဲ NLD အစိုးရနဲ့ လွှတ်တော်တို့ရဲ့ ကြိုးပမ်းမှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားကို ဒီကနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။
2017-04-26
ရှမ်းပြည်နယ်မှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ မူး ယစ်ဆေးပြားတွေ လွယ်လွယ်ကူကူထုတ်လုပ်လို့ ရနေပြီး၊ ကရင်ပြည်နယ်တင်မက ရိုးမကျော်ပြီး ရခိုင်ပြည်နယ်ထိရောက်နေတာတွေနဲ့ ပတ်သက် လို့ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-04-25
ဧပြီလ ၂၅ ရက်နေ့ထုတ် တရုတ်အစိုးရအာဘော် Global Times သတင်းစာမှာ မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် တရုတ်ပြည်ရဲ့အကူ အညီ အထူးအရေးကြီးကြောင်း ရေးသားထားပါ တယ်။
2017-04-25
ကာတွန်းဟာ မြန်မာ့လူမှုရေး၊ နိုင်ငံရေးနယ်မှာ အပြောင်းအလဲတွေဖြစ်ပေါ်စေသည်အထိ ထိရောက်ခဲ့တဲ့ အနုပညာဖြစ်ပါတယ်။
2017-04-25
တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သာမန်အရပ်သားတစ်ယောက်ကို ကိုယ်ထိ လက်ရောက်ရိုက်လိုက်တဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ပြည်သူတွေကြားမှာ ဝေဖန်စရာတွေဖြစ်ခဲ့ပါတယ်။
2017-04-24
ပြီးခဲ့တဲ့ အစိုးရလက်ထက် မကွေးတိုင်း ရေနံလက် ယက်တွင်းတွေကနေ ကောက်ယူထားတဲ့ ပြည်သူ့ ဘဏ္ဍာငွေ ၇ဘီလီယံကျပ် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး သမ္မတရုံးက စိစစ်အရေးယူမှာဖြစ်ပါ တယ်။
2017-04-24
YBS ဘတ်စ်ကားစနစ်သစ်နဲ့ပတ်သက်လို့ အဆင် မပြေမှုတွေ၊ မေးခွန်းထုတ်စရာ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ အမတ် ၂၆ ယောက် တင်ပြဆွေးနွေးပွဲကို တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မတက်ရောက်ပဲ ခွင့်ယူ လိုက်တဲ့လုပ်ရပ်အပေါ် လေ့လာသူတွေအကြား ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်သွားခဲ့ပါတယ်။
2017-04-23
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့က YMCA ခန်းမမှာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
2017-04-23
မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လူငယ်တွေ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ မြို့ပြစနစ်ဆိုင်ရာ လူငယ်ပါဝင်မှု အခန်းကဏ္ဍ ဆွေးနွေးပွဲကို ဒီကနေ့ ကမာရွတ်မြို့နယ်၊ ဒိုင်းမွန်း ကွန်ဒိုမှာ ကျင်းပခဲ့ပါတယ်။
2017-04-23
ရှမ်းပြည်နယ် သီပေါမြို့နယ် အတွင်းက ပရဟိတ အဖွဲ့တွေနဲ့ လားရှိုးမြို့က ပရဟိတအဖွဲ့တချို့ စုပေါင်းပြီး သီပေါချောင်းဆုံနဲ့ သီပေါ တံတားတစ်ဝိုက်မှာရှိတဲ့ အမှိုက်တွေကို ဒီကနေ့ စုပေါင်းရှင်းလင်းခဲ့ကြပါတယ်။
2017-04-21
ပြည်သူ့နီတိလို့ခေါ်တဲ့ လူမှုကျင့်ဝတ်တွေထဲမှာ ကိုယ်နဲ့မတူတဲ့ လူမျိုးအစုအဖွဲ့တွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ ဘာသာတရားတွေကို အပြန် အလှန်လေးစားကြခြင်းဆိုတာ ပါဝင်ပါတယ်။