သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-28
ကဗျာလေးတွေ၊ ပုံပြင်လေးတွေကတဆင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာကို ကလေးတွေရင်ထဲ ထည့်ပေးသလိုဖြစ် တာကြောင့် ကလေးစာပေတိမ်ကောလာခြင်း ဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာတိမ်ကောလာဖို့ အကြောင်းရင်းတခုဖြစ်နေ ပါတယ်။
2017-02-28
NLD ပါတီရဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲဟာ စစ်အစိုးရလက်ထက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ အလားတူဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
2017-02-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥပဒေနဲ့ မညီတဲ့အချက်တွေ အများကြီး တွေ့ရပြီး ပြစ်မှုကျူးလွန်သူတွေဖက်ကနေ အကာအကွယ်ပေးတဲ့ အသုံးအနှုန်းတွေ ပြောဆို သွားတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။
2017-02-28
ဝပြည် ပန်ခန်းမှာ ပြုလုပ်တဲ့ လက်နက်ကိုင်တိုင်းရင်းသား ညီလာခံကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်မထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-26
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှား ယာဉ်မောင်း ဦးနေဝင်းတို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ဦးကိုနီနဲ့ ဦးနေဝင်းတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဝင်တွေဖြစ်တဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
2017-02-26
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ရွှေကရုဏာ စေတနာဆေးခန်းက ဦးဆောင်ပြီး ဆရာဝန် ၄၀ ကျော်က ကျောက်တော်မြို့ပေါ်က သာသနာ့ဗိမာန်မှာ ဒီနေ့ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါတယ်။
2017-02-26
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလှုပ်ရှားမှု ဖြိုခွင်းခံရတဲ့ ၂ နှစ်ပြည့်အထိမ်းအမှတ်နဲ့ တက္က္ကသိုလ် ကျောင်းသားကျောင်းသူ ၁၀၀ ခန့်က မန္တလေးမြို့မှာ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2017-02-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်မှုမှာ တပ်မတော်က အရာရှိဟောင်းတွေ ကို အသုံးပြုစေခိုင်းသွားတာဟာ တပ်မတော်နဲ့ အစိုးရကြား၊ တပ်မတော်နဲ့ ပြည်သူကြား စိတ်ဝမ်းကွဲအောင် လုပ်ဆောင်ချင်တာလားဆိုတာ ဆက်လက်ဖော်ထုတ်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဆွေက ပြောပါတယ်။
2017-02-25
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ UWSP "ဝ" ပြည်သွေး စည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ခမ်းမှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးပွဲကို ၃ ရက်ကြာ ပြု လုပ်နေပြီး ဒီကနေ့ဟာ နောက်ဆုံးနေ့ဖြစ်ပါတယ်။
2017-02-24
ကလေးစာပေရှိခြင်းဟာ ကလေးတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စူးစမ်းလေ့လာမှုနဲ့ တီထွင်ဖန်တီးမှုကို ရရှိစေပါတယ်။ ကလေးစာပေ ရဲ့အကျိုးနဲ့ ဒီကနေ့ခေတ်မှာ ကလေးစာပေ တိမ်ကောလာရခြင်းရဲ့အကျိုးဆက်တွေကို မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-02-24
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လူဦးရေနဲ့ မတိမ်းမယိမ်းဖြစ်လာနေတဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဘတ်စ်ကားလိုင်းစနစ်စီမံခန့်ခွဲမှု မတူတာကိုနှိုင်းယှဉ်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2017-02-24
ဇန်နဝါရီ ၁၆ ရက်နေ့က စတင်ခဲ့တဲ့ အများပိုင်ယာဉ်လိုင်းစနစ် YBS နဲ့ပတ်သက်ပြီး ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေ ကြုံနေရတဲ့ နောက်ဆုံးအခြေအနေတွေကို RFA အဖွဲ့သူ မခင်ခင်အိက စုစည်းတင်ပြထားပါတယ်။
2017-02-24
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လုပ်ငန်း သုံးကားတချို့ကို တားဆီးထားပြီး ဒေသခံတွေ သီးနှံလျော်ကြေးရဖို့ ဆန္ဒပြတောင်းဆိုနေကြပါ တယ်။ တိုင်းဒေသကြီးအစိုးရကတော့ ဒီပြဿနာ ကို ပြေလည်အောင် ညှိနှိုင်းနေတယ်လို့ ပြော ပါတယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သီးနှံလျော်ကြေးရဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ နောက် ဆုံးအခြေအနေကို မသင်းသီရိပြောပြမှာပါ။
2017-02-22
နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ မြေယာအမှုတွေကို ဖြေ ရှင်းပေးဖို့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ရှိပေမယ့် အများကမသိကြဘဲ သိတဲ့အခါ အချက်အလက်အထောက်အထားမှန်ကန်ရင် အမှုမှန်ဖြေရှင်းနိုင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-02-21
အသံချဲ့စက်ဆူညံသံကြောင့် လူ့အဖွဲ့အစည်းအတွင်း မှာ အငြင်းပွားစရာတွေ၊ ငြူစူမှုတွေဖြစ်လာ ပြီး နောက်ဆက် တွဲပြဿနာတွေဖြစ်လာနိုင်တဲ့အတွက် အုပ်ချုပ်ရေးနဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ က ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။