သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-31
ရန်ကုန်မှာလုပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ နိုင်ငံ့ သားကောင်းများ ထောက်ခံပွဲဟာ အကြမ်းဖက်တဲ့ နည်းနဲ့ ဖြေရှင်းတဲ့လုပ်ရပ်အပေါ် အားပေးရာ ရောက်တဲ့ ပွဲတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ သတင်း မီဒီယာတချို့မှာ ဝေဖန်ရေးသားကြပါတယ်။
2017-10-31
ရခိုင်ပြည်နယ်အရေးအပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းက ပါတီဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2017-10-31
၁၂ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပခဲ့ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
2017-10-30
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက်အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရှင်းလင်းပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-10-30
၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီး Francis ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလထဲ ရောက်လာပါမယ်။
2017-10-28
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ပညာရေးမှူးနဲ့ ဒုတိယပညာရေးမှူး နှစ်ဦးကို ငွေအလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အရေးယူထားတဲ့အပေါ် မကျေနပ်တဲ့ ငါန်းဇွန်မြို့နယ် ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ကျောင်းသား မိဘတွေက ဒီနေ့ ဆန္ဒပြကြတာဖြစ်ပါတယ်။
2017-10-27
သာမန်အရပ်သား တစ်ဦးဆီကနေ တရားမဝင် လက်နက်တွေ အများအပြားဖမ်းမိတာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားနည်းချက်ကို ပြနေတာဖြစ်ပြီး ပြည်သူလူထုရဲ့ ဘဝတွေလည်း မလုံခြုံသလို ဖြစ်နေရတယ်ဆိုတဲ့ ထောက်ပြချက် တွေရှိနေပါတယ်။
2017-10-27
ဆိုရှယ်မီဒီယာတွေမှာ သတင်းမှားတွေ၊ အမုန်းစကားတွေနဲ့ ပုဂ္ဂလိကအချက်အလက်တွေကို ကျင့်ဝတ်ဖောက်ဖျက်ပြီး ဖြန့်ဝေတဲ့အတွက် ဆိုးကျိုးဖြစ်လာတာတွေကို ထိန်းချုပ်နိုင်ရေးနဲ့ပတ်သက်ပြီး မခက်မာ ဆက်လက်တင်ပြပါမယ်။
2017-10-27
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ရက်နေ့က ပုပ္ပားတောင်ကလပ် အနောက်ဘက်ရှိ ကုန်းမြေတခုမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ပုပ္ပါး တောင်ကလပ်ကို သွားတဲ့လမ်းမှာ တပေခန့် နိမ့်ဆင်းသွားခဲ့ပါတယ်။
2017-10-25
သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံရေး အပါအဝင် အချက် ၁၀ ချက်ကို မနေ့က ကျင်းပတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။
2017-10-25
ထိုင်းမြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်း ၅ခုနဲ့ ဒုက္ခသည်စခန်း ၁ ခုကို နိုင်ငံတကာ INGO တွေရဲ့ အကူအညီတွေ ရပ်ဆိုင်းလိုက်ပြီးဖြစ်တဲ့အတွက် နောက်တပတ်လောက်ဆို ရိက္ခာပြတ်သွားမှာဖြစ်ပြီး ဘယ်လိုရှေ့ဆက်ရပ်တည်ရမယ်ဆိုတာ စဉ်းစားလို့မရဘူးလို့ ရှမ်းပြည်နယ် စစ်ပြေးဒုက္ခသည် ကော်မီတီရဲ့ ပြောခွင့်ရသူ ဦးစိုင်းလင်းက ပြောပါတယ်။
2017-10-25
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း စစ်တပ်ရဲ့ဆောင်ရွက်ပုံ အပြုအမူတွေနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ အမေရိကန်အစိုးရက မနေ့က ၂၃ ၇က်နေ့က ဆုံးဖြတ်လိုက်ပါတယ်
2017-10-25
ကချင်ပြည်နယ် တနိုင်းမြို့မှာ ဆန်သယ်ယူ ရောင်းချခွင့်ကို တပ်မတော်က ထိန်းချုပ်ထားတဲ့ အတွက် ဆန်ရှားပြီး ဈေးကြီးနေတယ်လို့ သိရပါတယ်။
2017-10-25
အစိုးရအဖွဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ဟာ တပ်နေရာပြန်လည်ချထားရေးနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီချက် မရသေးတာကြောင့် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ် ထပ်မံဆွေးနွေးကြဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-10-25
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လယ်ယာနဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကျပ်ငွေ ၅၀ ဘီလီယံရင်းနှီးမြုှပ်နှံပြီး ၃ နှစ်စီမံကိန်း ချမှတ်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဒီကနေ့ မင်းရဲကျော်စွာလမ်းက မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် UMFCCI မှာရှိတဲ့ မြန်မာနိုင် ငံဆန်စပါးအသင်းချုပ်ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။