သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-24
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်လ်နီ ညို ရာသီဥတု သက်ရောက်မှုကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေကို အစိုးရဌာနအဆင့် အဆင့် ပူးပေါင်းဆောင်ရွက်ကြဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ထောက်ခံသူ ၄၀၀ ရှိတဲ့အတွက် ပြည်သူ့လွှတ်တော်လိုက်ပါတယ်။
2016-02-24
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်၂၀ ခန့် မဲပေးဖို့ပျက်ကွက်ခဲ့တာနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဌက သတိပေးလိုက်ပါတယ်။ ဒုတိယအကြိမ်ပြန်ပြီးကျင်းပတဲ့ လွှတ်တော်မှာ အခုလိုကိုယ်စားလှယ်တွေ သတိပေးခံရတာ ဒါပထမဆုံးဖြစ်ပါတယ်။
2016-02-24
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်လ်နီ ညို အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ် ငန်းတွေကို အစိုးရဌာနဆိုင်ရာအဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ကြဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တပ်မတော် ကိုယ်စားလှယ် ၂ ဦးအပါအဝင် ကိုယ်စားလှယ် ၁၄ ဦးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ထောက် ခံဆွေးနွေးကြပါတယ်။
2016-02-21
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို မနေ့ က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပခဲ့ပါတယ်။
2016-02-21
ပြည်သူ့ဘဏ္ဍာငွေ ဗဟိုချုပ်ကိုင်မှုနဲ့ အုပ်ချုပ်ရေး ဗဟို ချုပ်ကိုင်မှု လျှော့ချရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို The Asia Foundation က ဦးစီးပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ ဒီနေ့ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2016-02-21
ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အမြန်ဆုံးတွေ့ဆုံဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ် အစည်း အဝေးကနေပြီး အဖွဲ့ဝင် ၅ ဦးပါ ကော်မတီတစ်ရပ်ဖွဲ့ စည်းခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တချို့ ချမှတ်ခဲ့ကြတယ်လို့ သိရပါတယ်။
2016-02-21
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းဖို့ အရေးကြီးအဆိုကို လွတ်တော်က အတည်ပြုထားပါတယ်။
2016-02-20
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နိုင်ငံရေးဆိုင် ရာ ဆွေးနွေးညှိနှိုင်းရေး ကော်မတီအဖွဲ့ကို ဒုတိယနေ့အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ် ကောင်စီ အစည်းအဝေးကနေ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
2016-02-20
တိုင်းရင်းသားတွေ စာပေ ယဉ်ကျေးမှု ဖံ့ွဖြိုးတိုးတက်ဖို့နဲ့ တိုင်းရင်းသားဒေသတွေ တည်ငြိမ်အေးချမ်းဖို့အတွက် လွှတ်တော်အတွင်းကနေ ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသားရေးရာကော်မတီ အဖွဲ့ဝင် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2016-02-20
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ဖွဲ့စည်းတဲ့ လွှတ်တော်ရေးရာကော်မတီတွေထဲမှာ တောင်သူလယ်သမားအရေး ကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ကော်မတီတစ်ခုလည်း ပါဝင်ပါတယ်။
2016-02-18
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ်တွေမှာ ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ စစ်ဘေးဒုက္ခ သည်တွေကို အကူအညီပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-02-18
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ နိုင်ငံရေးပါတီတွေက ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-02-16
ဒုတိယအကြိမ်လွှတ်တော်မှာ တက်ရောက်နေတဲ့ ကိုယ်စားလှယ်အသစ်တွေအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေ ရှင်းလင်းတင်ပြတဲ့ သင်တန်းကို ဒီနေ့ ပြည်ထောင်စုလွှတ်တော် သဘင်ခန်းမဆောင်မှာ စတင်ကျင်းခဲ့ပါတယ်။
2016-02-16
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာကျင်းပနေတဲ့ တိုင်းရင်းမီဒီယာ အဖွဲ့ BNI ရဲ့ ညီလာခံ ဒုတိယနေ့မှာ ရခိုင်ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိမ်းသိန်းနိုင်မှု ပျက်ကွက်နေ တဲ့ အကြောင်းနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
2016-02-15
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအဖွဲ့အချင်းချင်း လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွား လာနေတဲ့ အခြေအနေတွေ က ပြည်တွင်းငြိမ်းချမ်းရေးသာမက လက်ရှိနိုင်ငံရေး အခြေအနေတွေအတွက် စိုးရိမ်စရာဖြစ်လာနေကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်သရွေ့ဒီပြဿနာတွေပေါ်ပေါက်နေဦးမှာဖြစ်ကြောင်း နိုင်ငံရေးခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။