သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-11
အသစ်ခန့်အပ်လိုက်တဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စခရစ္စတင်း ရှယန်နာဘာဂနာ ဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံကိုရောက်ရှိပါမယ်။
2018-06-11
ပြီးခဲ့တဲ့မေလနှောင်းပိုင်းက ကျောက်ဖြူမြို့နယ်ထဲက IDP စခန်းတခုက NVC ကတ် ကိုင်ဆောင်ထားသူ အမျိုးသမီးငယ်တယောက် ရန်ကုန်မြို့ကိုအသွား တောင်ကုတ်မြို့နယ်ထဲမှာ အဖမ်းခံခဲ့ရပါတယ်။
2018-06-11
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပွားတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်ကုန်းတွင်းကို ဝင်သွားပေမယ့် မြန်မာနိုင်ငံအနှံ့ မိုးဆက်လက် ရွာနေဦးမယ်လို့ မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
2018-06-08
NLD အစိုးရနဲ့ စစ်ဖက်ထိပ်တန်းခေါင်းဆောင်တွေ ဒီကနေ့ တွေဆုံမှုဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာဖိအားပေးမှုတွေ လျော့ချနိုင်ဖို့နည်းလမ်းကို ပူးပေါင်းအဖြေရှာဖို့ အတွက်ဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေ က သုံးသပ်ကြပါတယ်။
2018-06-08
မြန်မာနိုင်ငံက အမျိုးသားရေးလှုပ်ရှားနေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ကြီးရေး အဖွဲ့ကြီး (မဘသ) နဲ့ မြန်မာသံဃာတော် ၂ ပါး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးကို ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အမုန်းတရား ဖြန့်ဝေရေးသားမှုနဲ့ FB က ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။
2018-06-07
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း မိုးကြီးတဲ့ အတွက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်တချို့ ရေထဲမျောပါတာတွေရှိခဲ့တာကြောင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
2018-06-07
ရခိုင် ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကြား သဘောထားတင်းမာမှုတွေ မဖြစ်လာအောင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆောင်ရွက်သင့်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။
2018-06-07
မနေ့က မိုးကြီးခဲ့တာကြောင့် စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ရပ်ကွက်၊ ကျေးရွာတွေ အတွင်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးတစ်ဦး ရေထဲမျော ပါ သေဆုံးခဲ့ပါတယ်။
2018-06-06
ရခိုင်ပြည်နယ်ထဲက လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်သစ်တရပ် ဖွဲ့စည်းတာနဲ့အတူ ဒုက္ခသည်ပြန်လည်လက်ခံရေး UN လက်အောက်ခံ အေဂျင်စီတွေ ပူးပေါင်းပါဝင်လာတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တချိုရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ က စုစည်းတင်ပြထားပါတယ်။
2018-06-06
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးတွေအတွက် Ford ကားအသစ် ၁၀ စီး ဝယ်ယူဖို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ထည့်သွင်းလျာထားတာနဲ့ မြို့တော်ဘဏ်မှာ ငွေကျပ် သန်း ၆၈၀၀ ရင်းနှီးမြှုပ်နှံမယ့်အပေါ် တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်တွင်းမှာ အပြင်းအထန် ကန့်ကွက်ကြသလို ပြည်သူတွေကြားမှာလည်း တိုင်းအစိုးရကို ဝေဖန်နေကြပါတယ်။
2018-06-05
ခေတ်ရဲ့လိုအပ်ချက်အရ နိုင်ငံအတွင်း ဘိလပ်မြေ စက်ရုံတွေ များပြားလာသလို စက်ရုံဘေးထွက် ပစ္စည်းတွေကြောင့် ကျန်းမာရေးနဲ့ လူမှုဘဝ ထိခိုက်ရတာတွေကို ပြန်လည်ကုစားဖို့နဲ့ သဘာဝဝန်းကျင် ပျက်စီးရတာတွေကို ပြန်လည် တည်ဆောက်ဖို့ဟာ တန်ဖိုးကြီးလှတာကြောင့် စက်ရုံတွေကရမယ့် အကျိုးအမြတ်နဲ့ ထိုက်တန်ပါ့မလား စဉ်းစားသင့်တဲ့အကြောင်း မခက်မာ တင်ပြထားပါတယ်။
2018-06-05
မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ ဒီထက် ပိုပြီးပွင့်လင်းမြင်သာဖိ့ု လိုသလို အဂတိလိုက်စားသူတွေကို စံပြအဖြစ် အရေးယူဆောင်ရွက်မှသာ ထိရောက်အောင်မြင် မယ်လို့ လေ့လာသူတွေက ပြောပါတယ်။
2018-06-01
မေလ ၅ ရက်နေ့ကစတင်ပြုလုပ်ခဲ့တဲ့ စစ်ဆန့် ကျင်ရေးနဲ့ ငြိမ်းချမ်းရေးတောင်းဆိုတဲ့ဆန္ဒပြ ပွဲတွေကြောင့် ဒီကနေ့အထိ ဖမ်းဆီးပြီးတရားစွဲဆို ခံခဲ့ရသူ ( ၄၇ ) ယောက်၊ ထောင်ဒဏ်ကျခံခဲ့ရသူ ၃ ယောက်နဲ့ အမှုပြီးဆုံးသွားသူ ၂ ယောက် ရှိသွား ပြီဖြစ်ပြီး လူမှုအဖွဲအစည်းတွေက အဲဒီလိုတရားစွဲ ဆိုထောင်ချနေတာတွေကို ကန့်ကွက်ရှုတ်ချနေကြ ပါတယ်။
2018-06-01
ရခိုင်ပြည်နယ်ထဲကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ထွက်ပြေးသွားကြတဲ့သူတွေကို ပြန်လည်လက်ခံရေး အစီအစဉ်မှာ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီတွေ ပူးပေါင်းပါဝင်ဖို့ မြန်မာအစိုးရက သဘောတူလိုက်သလို လူ့အခွင့်ရေးချိူးဖောက်မှုတွေကို စုံစမ်းဖို့ ကော်မရှင်သစ်တစ်ခုလည်း ဖွဲ့စည်းလိုက်ပါတယ်။ ဒီအပေါ်မှာ ကြိုဆိုတဲ့သူတွေရှိသလို စိုးရိမ်မှုတွေလည်းရှိကြပါတယ်။
2018-06-01
လာမယ့် ဇွန်လ ၆ ရက်နေ့စွဲနဲ့ ဒီကနေ့ကြိုတင် ဖြန့်ချိလိုက်တဲ့ Newsweek နယူးစ်ဝိခ် အပတ်စဉ် သတင်း မဂ္ဂဇင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ဖေါ်ပြထားပါတယ်။ ဆောင်းပါးမှာ ပါဝင်တဲ့ အချက်တချို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ကောက်နှုတ်တင်ပြပါလိမ့်မယ်။