သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-06
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကထက် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်းကျဆင်းသွားသလို ဘိန်းထုတ်လုပ် မှုလည်း ကျဆင်းသွားတယ်လို့ UNODC နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအစီရင်ခံစာ ၂၀၁၇ မှာ ဖော်ပြထားပါတယ်။
2017-12-06
ထိုင်းအစိုးရက မြန်မာနိုင်ငံသား အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်တဲ့ စီမံကိန်းလုပ်နေပြီး၊ ဒီအဆင့်ပြီးရင်တော့ နှစ်နိုင်ငံသဘောတူညီချက်နဲ့ အလုပ်လုပ်ရမယ့်အဆင့်ကိုသွားဖို့ပြင်နေပါတယ်။ အခြေခံအလုပ်သမားလိုနေပြီး၊ သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေမှာ မြန်မာနိုင်ငံသားတွေနဲ့ အစားထိုးလည်ပတ်နေရတဲ့ ထိုင်းနိုင်ငံက အလုပ်ခွင်ယန္တရားမှာ မြန်မာလုပ်သားတွေ မရှိတော့ရင် အခက်အခဲ ဖြစ်တော့မယ်လို့ ပြောနေကြပါတယ်။
2017-12-06
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အရေးပေါ် အစည်းအဝေးအတွင်း ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် မူကြမ်းအပေါ် တုံ့ပြန်ချက်တချို့ကို မသင်းသီရိ က တင်ပြထားပါတယ်။
2017-12-04
တနင်္သာရီတိုင်းဒေသကြီးမှာ စတင်တဲ့ လူထုငြိမ်းချမ်းရေး လှုပ်ရှားမှုကို ဒီနေ့ မြိတ်မြို့ကမ်းနားလမ်းက သဲကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2017-12-03
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းကို ပြည်သူလူထုအခြေပြုအဖြစ် ရပ်ကွက်ကျေးရွာတွေထဲမှာ ဘေးအန္တရာယ် မဖြစ်အောင် စတင်ထိုးနှံပေးတော့မယ့်အကြောင်း ကျန်မာရေးနဲ့အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
2017-12-03
တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကို ပူးပေါင်းပါဝင်ဖို့ မြန်မာနိုင်ငံက ဒီနှစ်ထဲမှာ သဘောတူ လက်မှတ် ထိုးလိုက်တဲ့အတွက် မြစ်ဆုံရေးအားလျှပ်စစ် စီမံကိန်းကို အပြီးရပ်ဆိုင်းဖို့ ညှိနှိုင်းလို့ ရနိုင်တယ် ဆိုတဲ့ ထင်မြင်ယူဆချက်တွေ လက်ရှိအချိန်မှာ ထွက်ပေါ်နေပါတယ်။